မြ၀တီမြို့နယ်၊ ဝေါ်လေဒေသ တာအူထာ့ နေရာတွင် ကျင်းပ ပြုလုပ်သည့် အဆိုပါ လူထု ရှင်းလင်း ပွဲတွင် DKBA ကလို့ထူးဘော တပ်ဖွဲ့က မြန်မာ အစိုးရနှင့် အပစ် အခတ် ရပ်စဲရသည့် အကြောင်း ရင်းနှင့် ပတ်သက်၍ တက်ရောက် လာသည့် ကျေးရွာ လူကြီး နှင့် ကျေးရွာ ကိုယ်စား လှယ်များအား နံနက် ၁၀မှ ညနေစောင်း အချိန်ထိ ရှင်းလင်း ချပြခဲ့ သည်ဟု ဒီကေ ဘီအေ၏ ပြည်ပဆက် ဆံရေး တာဝန်ခံ ဗိုလ်မှူးစောလိုး လိုက ပြောသည်။
၎င်းက “ဒီဘက်က (လေးဝေါ် သေ့ဘောဘိုးစသည့်ရွာများ)ရွာတွေက ကိုယ်စားလှယ် အယောက် ၃၀သွားတယ်။ နောက်ပြီး ဒေါန အနောက်ဘက်ခြမ်းရွာတွေက တရွာကို အနည်းဆုံး ၂ယောက် ကိုယ်စားလှယ် လာကြတယ်ဆိုတော့ အကုန်လုံး ၁၀၀ ကျော်တယ်။”ဟု ပြောသည်။
DKBA လူထုရှင်းလင်းပွဲသို့ ဒေါနတောင်အနောက်ခြမ်းမှ ကျိုက်ဒုံ၊ မိပရံ၊ ကွင်းကလေး၊ အကြိတ်၊ ကဒက်ခို့၊ သဲ့ဖါထော၊ မော်ကဲ့ ခီး၊ ပူးကြီး၊ စိုးထ၊ မိတန်၊ မိနအ၊ ကမာကလဲ၊ အစင်း၊ ခူးထီမု၊ နကလေး၊ အကွီကလယ်၊ ထောဝါလော၊ ကရောထ၊ မဲ့မလာခ၊ မဲ့မလာခီး၊ ကော့စိုင်၊ လမ်းဖါ၊ အစွန်း စသည့်ကျေးရွာများမှ ကိုယ်စားလှယ်များအား ဗိုလ်ချုပ်စောလားပွယ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမိုရှေးတို့က ဦးဆောင်ရှင်းလင်းခဲ့ကြပြီး ကျေးရွာကိုယ်စားလှယ်များကလည်း အားတက်သရော ထောက်ခံအားပေး ခဲ့ကြောင်း ဗိုလ်မှူးစောလိုးလိုက ပြောသည်။
သို့သော် ၎င်းရှင်းလင်းပွဲသို့ တက်ရောက်သည့် ကျေးရွာများမှ ရွာသူကြီးနှင့် ကျေးရွာကိုယ်စားလှယ်များသည် ညအိပ်ညနေ သွားလာ ရသည့်အတွက် လူထုဘက်မှ သဘောထားအမြင်ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ထိုလူထုရှင်းလင်းပွဲသို့ သွားရောက်ရန် ထိုင်းအခြေစိုက် သတင်းသမားများနှင့် နိုင်ငံခြားသား သတင်းသမားများကို ဖိတ်ကြား ထားသော် လည်း သွားလာရေး အခက်အခဲကြောင့် တစ်ဦးတစ်ယောက်မျှ သွားရောက်နိုင်ခြင်းမရှိသလို နယ်မြေခံ အစိုးရစစ် တပ်က ၎င်းတို့အနေဖြင့် မပါဝင်သော်လည်း နိုင်ငံခြားသားသတင်းသမားများ လာရောက်ပါက ၎င်းတို့ထံ အသိပေး အကြောင်း ကြားရမည်ဟု DKBA ကို မှာကြားထားကြောင်း ဗိုလ်မှူးစောလိုးလိုက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်နေ့မှ ၃ရက်နေ့အထိ DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမိုရှေး ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုး ရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တွေ့ဆုံမှုအပြီး ပဏာမသဘောတူညီချက်ကို နှစ် ဖက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူထုရှင်းလင်းပွဲကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
DKBA တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ပူးပေါင်းခဲ့သော ကရင် လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် ကလို့ထူးဘောဗျူဟာအဖွဲ့က မြန် မာအစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ဆန့်ကျင်ပြီး ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အနေဖြင့် ယမန်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့တို့ကို ၀င်ရောက်စီးနင်းခဲ့သည်။
No comments:
Post a Comment