မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးနေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းပဲလို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဝေဖန်ပြောကြားလိုက်ပါတယ်။ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက ကင်ဘာရာမြို့ ဩစတြေးလျလွှတ်တော်မှာ မနေ့က မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီလိုပြောကြားသွားတာပါ။
“ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်နေပါ ပြီ။ နိုင်ငံရေးအကျဉ်းသားတချို့လည်း လွတ်မြောက်ခဲ့ပါပြီ။ ပြီးတော့ အစိုးရက ဆွေးနွေး စကားပြောတာတွေလည်း စနေပါပြီ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ဆက်လက်ရှိနေတုန်းပါပဲ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် မြန်မာအစိုးရအနေနဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ဆက်ပြောရပါလိမ့်မယ်” လို့အမေရိကန်သမ္မတက ပြောကြားသွားပါတယ်။
No comments:
Post a Comment