Friday, November 4, 2011

လွှတ်တော်အမတ်နှစ်ဦး အမတ်အဖြစ်က ပယ်ဖျက်ခံရ

နေသွင်

ရခိုင် ပြည်နယ် ထဲက လူနည်းစု တွေကို ကိုယ်စား ပြုတဲ့ လွှတ်တော် အမတ် နှစ်ဦးကို​ ​ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်လို့ ဆိုပြီး ပြည်ထောင်စု​ ​ရွေးကောက်ပွဲ​ ​ကော်မရှင်က လွှတ်တော် အမတ်​ အဖြစ် ကနေ ပယ်ဖျက် လိုက်ပါတယ်။

အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးနှင့် ဒီမို ကရက်တစ် ပါတီက ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်​ အမတ် ၂ ဦးကို ရွေးကောက် ပွဲကာလ တုန်းက လူမျိုးရေး လှုံ့ဆော်ပြီး စည်းရုံး ခဲ့တယ်လို့ အကြောင်း ပြပြီး အရေး ယူခဲ့တာလို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“မောင်တောမှာ နေတဲ့ လူတွေကို တိုင်းရင်းသား လို့လည်း မပြောဘူး၊ နိုင်ငံခြား သားလည်း မပြောဘူး၊ အခြား လူမျိုး ဆိုတာ ရေးထား တာ တွေ့တယ်။ အဲဒါကို ကျနော်တို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တယောက်က မဲဆွယ်တဲ့ အချိန်မှာ ဘာပြော လဲဆိုရင် ဒီလူတွေဟာ ကျနော် တို့ကို နိုင်ငံသား လည်း မပြောဘူး။ ကျနော် တို့ကို နိုင်ငံ မဲ့သား လုပ်နေ ကြပြီ။ အဲဒီ လူမျိုးတွေကို ကျနော် တို့က မဲပေး မလား၊ ကျနော် တို့လို ကျနော်တို့ အမျိုးသား တွေကို အခြေခံတဲ့ လူတွေကို မဲပေး မလား။ အဲဒါ စဉ်းစားပြီး မပေး ကြပါ ဆိုတဲ့ ပြောတဲ့ စကား တခွန်း ရှိခဲ့ တယ်။ ဒီလို သူလုပ် လိုက်ခြင်းက ပြည်ထောင် စုကြံခိုင် ရေးနဲ့ဖွံ့ဖြိုး ရေးပါတီကို စော်ကားရာ ကျရောက်တယ်။ အဲဒါကြောင့် မတရား ပြုကျင့်ပြီး တော့ အနိုင် ယူခြင်း ဖြစ်တယ် ဆိုပြီးတော့ ဆုံးဖြတ် ပြီးတော့ အရှုံးပေး လိုက်တာ။”

ပယ်ဖျက် ခံရသူ နှစ်ဦးမှာ ဘူးသီးတောင် မဲဆန္ဒနယ် အမတ် (၁) က အနိုင် ရခဲ့တဲ့ ဦးအောင်မြင့် (ခေါ်) ဦးဇာဟိဒုလ္လာနဲ့ အမတ် ၂ က ဦးဘောရှီး အာမတ်တို့ဖြစ်ပြီး သူတို့ နေရာမှာ ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီက အမတ်တွေနဲ့ အစားထိုး တော့မှာ ဖြစ်ပါတယ်။

ကော်မရှင်က ဆုံးဖြတ်ချက် မချခင် ၂ ရက် မှာပဲ ပါတီက လူနည်းစု အခွင့် အရေးနဲ့ ပတ်သက်တဲ့ တောင်းဆို ချက်တခု ပြုလုပ်ခဲ့ တယ်လို့ လည်း ပါတီ ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“ကျနော်တို့ အရင်က ရိုဟင်ဂျာဆိုပြီး လူမျိုးတစု ရှိခဲ့တယ်။ လူမျိုးတစု ရှိပါလျက်နဲ့ အခု မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရှိတယ် မရှိဘူး ဆိုတာကို ကျနော်တို့ကို ကော်မရှင်ကရှင်းပေး။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပူးပေါင်းပြီး စစ်ဆေးပြီးတော့ သတ်မှတ်ပေးပါဆိုပြီးတော့ ကျနော်တို့ လျှောက်လွှာတင်ထားတာ။ ကုန်သွားတဲ့လ ၂၆ ရက်နေ့က တင်လိုက်တာ။ ကျနော်တို့ကလည်း နိုင်ငံတော်သမ္မတကနေတဆင့် နောက်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ လဝက၊ နောက်ပြီး သက်ဆိုင်ရာ သမိုင်းပညာရှင်၊ လူ့အခွင့်ရေးပါတီတို့၊ အစိုးရက ဖွဲ့တဲ့ လူ့အခွင့်ရေး အဖွဲ့ရှိတယ်၊ အဲဒါတွေကို ပြန်တင်ပြတာပေါ့လေ။”

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ အမတ်နေရာ ၁၅ ၀င်ပြိုင်ခဲ့ပြီး ဘူးသီးတောင် မဲဆန္ဒနယ် ၂ နေရာမှာပဲ အနိုင်ရခဲ့တာပါ။

ဒီအမှုကို အယူခံနဲ့ ပြင်ဆင်မှု လျှောက်ခဲ့တဲ့ အဆင့်တိုင်းမှာ ရှုံးခဲ့ပြီးဖြစ်တာကြောင့် နောက်ထပ် အယူခံစရာ လမ်းဆုံးသွားပြီလို့ ပါတီ ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

1 comment:

vessel65 said...

ဒါကိုတော့အပြည့်အ၀ထောက်ခံတယ်..င်္ဘဂါလီ ကုလားစုတ်တွေက ရာရာစစ မြန်မာတိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးရချင်တယ်လို့။ ထွီ