ဒီကေဘီအေ – တိုးတက်သော ကရင် အမျိုးသား ဗုဒ္ဓဘာသာ တပ်မတော် နဲ့ အစိုးရတို့ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိ သွားပြီဖြစ် ပါတယ်။ဘားအံမြို့ကို မနေ့က သွားရောက် ခဲ့တဲ့ ဒီကေဘီအေ ကိုယ်စားလှယ် အဖွဲ့ဝင် ၇ ဦးဟာ အစိုးရ ကိုယ်စား လှယ်တွေနဲ့ တွေ့ ဆုံပြီးနောက် ဒီလ နိုဝင်ဘာ ၅ ရက် နေ့မှာ အပစ် အခတ် ရပ်စဲ ရေး ကြေညာပြီး ၆ ရက်နေ့မှာ ကရင်ပြည် နယ်တခု လုံးမှာ အပစ် အခတ် ရပ်စဲ သွားဖို့ သဘောတူ လိုက်ကြ တယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်ချုပ် စောလဲဘွဲ ခေါ် ဗိုလ်ချုပ် နှုတ်ခမ်းမွေးက ဒီဗွီဘီကို ပြောကြား ပါတယ်။
ကျန် နောက်ဆက်တွဲကိစ္စတွေကိုတော့ ရှေ့ဆက်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
နယ်ခြားစောင့်တပ်ကို အသွင်ပြောင်းဖို့ ငြင်းဆန်ပြီး မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲနေ့က စပြီး အစိုးရတပ်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ ဗုဒ္ဓဘာသာတပ်မတော်တပ်ဖွဲ့က အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အစိုးရဘက်နဲ့ ကရင်ပြည်နယ်ဝန်ကြီးရုံးမှာ အောက်တိုဘာ ၂၆ ရက်က ပဏာမ ဆွေးနွေးခဲ့ပါတယ်။
No comments:
Post a Comment