Tuesday, November 8, 2011

မြစ်ကြီးနားမြို့သို့ ပေးသော KIO လျှပ်စစ်မီးအား မြန်မာအစိုးရ ဖျက်ဆီး

KNG


ကချင်ပြည် နယ် မြို့ တော်မြစ်ကြီးနား ရက်သတ္တ ပတ်ကြာ မီးပြတ် ရခြင်းမှာ လျှပ်စစ်မီး ကြိုးတိုင်ကို မြန်မာ အစိုးရ တပ်က စီမံဖျက်ဆီး လိုက်ခြင်း ကြောင့်ဖြစ် သည်ဟု KIO အရာရှိ များပြောသည်။

နိုဝင်ဘာ (၁) ရက် ညနေ (၄) နာရီခန့် ၀ိုင်းမော်မြို့နယ် ဂါးရာယန်ဒေသတိုက်ပွဲတွင် မြန်မာအစိုးရ စစ်ကြောင်း၏ လက်နက်ကြီးကြောင့် လျှပ်စစ်မီးကြိုးတိုင် ထိမှန်ပျက်စီးသွားသည်။

“တိုက်ပွဲတွင်း မတော်တဆ ထိမှန်ပျက်စီးသွားပုံနဲ့ လုံဇက်ပ်ကောင် (Lung Zep Kawng) နဲ့ ဂါးရာယန်ကြားက လျှပ်စစ်မီးကြိုးတိုင်ကို လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပြီး သူတို့(မြန်မာအစိုးရတပ်)ပစ်တာ” ဟု မျက်မြင်သက်သေ KIA အရပ်သားတပ်ဖွဲ့ အရာရှိ လာဂွန်း ပြောသည်။

ဇွန် ၁၂ ရက်နေ့မှ KIO သည် မြစ်ကြီး နားရှိ KIO ဆက်ရေး ရုံးနှင့် ဘူးဂါး ကုမ္ပဏီ ရုံးအား လုံခြုံရေး အကြောင်း ပြချက်ဖြင့် ရုတ်သိမ်း ခဲ့သော် လည်း လျှပ်စစ် ဓါတ်အား ကိုမူ မြစ်ကြီး နားနှင့် ၀ိုင်းမော်မြို့သို့ ဆက်လက် ပေးဝေ နေသည်။

KIO ဘူးဂါး ကုမ္ပဏီ က မလိ ရေအား လျှပ်စစ် စက်ရုံမှ လျှပ်စစ် ဓါတ်အား၂.၄ မီဂါဝပ်ကို ၂၀၀၆ ခုနှစ် ဇူလှိုင်လ မှစတင်ကာ မြစ်ကြီးနား နှင့် ၀ိုင်းမော် သို့ ဖြန့်ဖြူး ခဲ့သည်ဟု ဆိုသည်။

No comments: