Friday, May 25, 2012

ရှူးဖိနပ်စက်ရုံအလုပ်သမားများလည်း ဆန္ဒပြတောင်းဆိုလာ

ရိုးမ ၃

ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာစက်မှုဇုံ၊ ဇုံ(၂) ရှိ ရှူးဖိနပ်စက်ရုံမှ အလုပ်သမားများ လုပ်ခလစာနှင့် အလုပ်ချိန် လျော့ပေါ့ရေးအတွက် ဆ န္ဒပြတောင်းနေလျှက်ရှိသည်။

အလုပ်သမား (၅၀၀) ခန့်ရှိသည့် အဆိုပါစက်ရုံတွင် အလုပ်သမား (၃၀၀) ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းဖြစ်သည်။

လှိုင်သာယာ စက်မှုဇုံအတွင်း အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသောလည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား တစုံတရာ ပြေလည်မှုမရရှိသည့် အခြေအနေ ဖြစ်နေကြသည်။

အချို့စက်ရုံများတွင် အလုပ်ရှင်ဘက်မှ အလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ကျူးလွန်မှုများရှိကြောင်း ဆန္ဒပြ အ လုပ် သမား တဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှ စတင်ကာ လှိုင်သာယာစက်မှုဇုံအတွင်း နေမင်းအောင်၊ တိုးမြတ်အောင်၊ စံပါယ်ပွင်၊ Hi Mo High Art အစ ရှိသည့် စက်ရုံများမှ အလုပ်သမားများက အခြေခံ လစာ တိုး ပေးရေး၊ အလုပ်ချိန် တိတိကျကျ သတ်မှတ်ရေးနှင့် အခြားအလုပ်သမား ခံစားခွင့်အပြည့်အဝရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

No comments: