Friday, May 25, 2012

ကလေးစစ်သားအမှု စစ်ဆေးမှုခံယူစဉ် တစုံတရာအနှောက်ယှက်မပြုရန် ILO ထုတ်ပြန်

ရိုးမ ၃

အသက်မပြည့်သေးသည့် ကလေးငယ်တပ်မှ ထွက်ခွင့်ရရေး တိုင်တန်း ထားမှုကို အစိုးရနှင့် အပြည်ပြည် ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (IL O) တို့၏ စစ်ဆေးမှု ခံယူ နေစဉ် အတွင်း တစုံ တရာ အရေး ယူခြင်း မပြုရန် ထုတ်ပြန်ကြေညာ ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ (၈) ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ် (၁၂၈) နေ ဦးလှသိန်း၏ သားဖြစ်သူ မောင်ကျော်နိုင်ဝင်းအား စစ်သားအဖြစ် စုဆောင်းခံရပြီးမှ စစ်ပြေးအမှု စွဲဆိုကာ ကာယကံ ရှင် သော်လည်းကောင်း၊ မိသားစုဝင်များကိုလည်းကောင်း တစုံတရာ ခြိမ်းခြောက်ပြုမှုပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း (ILO) တာဝန်ခံက လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

မောင်ကျော်နိုင်ဝင်း၏ မွေးသကက္ကရာဇ်မှာ ၅၊ ၅၊ ၁၉၉၅ ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင်း စစ်သားအဖြစ် စုဆောင်းခံရပြီး ဒညင်းကုန်း တပ်သားစု ဆောင်းရေးသို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။

သင်တန်းအပါတ်စဉ် ၃/ ၂၀၁၁ တွင် သင်တန်းသားအမှတ် ၂၃၃ ဖြစ် ပြီး သင်တန်းဆင်းသည့်နောက် ခမရ (၃၄၈) မိုးမိတ်တွင် တာဝန်ထမ်းဆောင်ခဲ့ရကာ ယခုလ ၁၄ ရက်နေ့တွင် အကြပ်လောင်း သင် တန်း တက်ရောက်ရန် တပ်မှ ထွက်လာစဉ် မိဘများထံ ပြန်လာကာ တပ်မှ ထွက်ခွင့်ရရန်အတွက် သက်ဆိုင်ရာသို့ အကူညီတောင်း ခံထား လျှက်ရှိ သည်။

No comments: