Thursday, May 24, 2012

လျှပ်စစ်မီးရရှိရေး ဆန္ဒပြခေါင်းဆောင်များ ပြည်ထောင်တွင် အချုပ်ခံရ

အေး​နိုင်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒီမနက် လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲမှာ လုံ ထိန်း တပ်ဖွဲ့က ဆန္ဒပြ ခေါင်း ဆောင် တချို့ကို ရိုက်နှက် ဖမ်းဆီးသွားပြီး ပြည်မြို့ထောင်တွင်းအချုပ်မှာ ချုပ်နှောင် ထားပါတယ်။

ဖမ်းဆီးခံရသူ ၅ ဦးရှိပြီး ကလေး ၁ ဦးကိုတော့ ပြန်လွှတ်ပေးပါတယ်။ ကျန် ၄ ဦးကတော့ မဂျူးဂျူး၊ ကိုကျော်ရွှေ၊ ကိုဝင်းလှိုင်နဲ့ ကိုဇော်ထွန်း တို့ ဖြစ် ပါတယ်။

ဆန္ဒပြသမား တချို့အပြောအရ ဖမ်းဆီးခံရသူ နောက်တဦး ရှိသေးပြီး အ မည်မသိဘူးလို့ ဆိုပါတယ်။

သူတို့တတွေကို ဆန္ဒပြခွင့်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး ရုံးတင်စစ်ဆေးမယ့် အ ကြောင်း သက်ဆိုင်ရာကပြောတယ် လို့ မြိုံ့ခံတွေက ပြောပါတယ်။

ပြည်မြို့နယ် အမှတ် ၂ ရဲစခန်းကိုမေးရာမှာ ခရိုင်ရဲကကိုင်တွယ်တယ်လို့ ပြောဆိုပြီး သူတို့ စခန်းကို ရောက်မလာတဲ့ အကြောင်း ပြောပါ တယ်။ ခရိုင်ရဲ တာဝန်မှူးကတော့ နေ့ခင်းပိုင်းမှ တာဝန်ကျတာဖြစ် လို့ မသိသေးဘူးလို့ ဖြေပါတယ်။

ပြည်မြို့က ထောင်အချုပ်ရှေ့မှာ ရောက်ရှိပြီး စောင့်ကြည့်နေတဲ့ ဆန္ဒပြသမားတဦးကတော့ နေ့ခင်း ၂ နာရီကျော်ကျော်လောက်မှာ ပြည်မြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံြ့ဖိုးရေးပါတီကိုယ်စားပြု အရွေးခံရတဲ့ လွှတ်တော် အမတ်၂ ဦးနဲ့ တခြားအမတ်၂ဦး စုစုပေါင်း ၄ ဦး ကဆန္ဒ ပြ သူတွေ ပြန်လည် လွတ်မြောက်အောင် သူတို့အာမခံပြီး ထုတ်လာမယ်လို့ပြောဆိုပြီး ထောင်တွင်းကို ၀င်ရောက် သွားကြတယ် လို့ ပြောပါ တယ်။

ရန်ကုန်၊​ မန္တ​လေး​၊​ မုံရွာ၊​ သုံး​ခွနဲ့​ ပြည်မြို့​တွေမှာ လ်ွပ်စစ်မီး​ရ​ရေး​ ဆန္ဒပြပွဲ​တွေ ဒီလ ၂၀ ရက်ကစလို့​တစတစ ကျယ်ပြန့်​လာ​နေတာ ဖြစ်ပါ တယ်။

မ​နေ့​ကည​တော့​ ပြည်မြို့​အနီး​ ​ပေါင်း​တည်မြို့​မှာလည်း​ ဆန္ဒပြသလို မန္တ​လေး​၊​ ရန်ကုန်မှာလည်း​ ဆန္ဒပြပွဲ​တွေ ဆက်ဖြစ်ပါတယ်။

နောက်ဆုံး​ရရှိတဲ့​သတင်း​အရ အမတ်​တွေရဲ့​ ကြိုး​ပမ်း​ချက်အရ ဖမ်း​ဆီး​ခံရသူ ၆ ဦး​လုံး​ ပြန်လည်လွတ်​မြောက်လာပြီလို့​ သိရပါတယ်။

No comments: