Tuesday, August 14, 2012

၂၄ နှစ်မြောက် ရှစ်လေးလုံး(8888) အခမ်းအနား အမေရိကန်ပြည်ထောင်စုတွင် ကျင်းပ

ရခိုင်သွီး

၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုအုံကြွမှုအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကိုအမေရိကန်ပြည်ထောင်စုတောင်ဖက်ခြမ်းတက္က ဆက် ပြည်နယ် အမာရီလိုမြို့ မြန်မာဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဇေယျသုခဓမ္မရိပ်သာခန်းမမှာ သြဂုတ်လ ၁၂ ရက် တနင်္ဂနွေနေ့ က ကျင်း ပခဲ့ကြောင်း သတင်းရရှိသည်။

ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံကြီးမှာ ပါဝင်တဲ့ တစ်နိုင်ငံလုံးက မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တ က္က ဆက်ပြည်နယ် အမာရီလိုမြို့ မှာ နံနက် ၁၁ နာရီမှ ညနေ သုံးနာရီထိ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရသည်။

အဆိုပါအခမ်းအနားကို ABSDF က ရဲဘော်ဟောင်းတွေနှင့် ၈၈ လူထုအုံကြွမှုအရေးတော်မှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တိုက်ပွဲဝင်ခဲ့ဖူးကြ တဲ့ ကျောင်းသားတွေက ဦးစီးပြီး ကျင်းပခဲ့ကြောင်း ဦးဆောင်ကြီးကြပ် ပွဲစီစဉ်ကျင်းပသူတွေက ပြောသည်။

ပွဲစီစဉ်ဦးဆောင်ကျင်းပသူများထဲမှာ ပါဝင်သော ကိုကျော်ဝေစိုးက " ၈၈ အခမ်းအနား ပြုလုပ်ရခြင်း ရဲ့အဓိကရည်ရွယ်ချက်က ရှစ်လေးလုံး အ ရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ ကျနော်တို့ နိုင်ငံက တိုက်ပွဲဝင် သွေးချင်းညီနောင်များ နှင့်တိုက် ပွဲတွင် ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ ၈၈ အရေးတော်ပုံကြောင့် ဒီမှာရောက်နေကြတဲ့ ကျနော်တို့ ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ ညီငယ်၊ ညီမငယ်၊ တူငယ်၊ တူ မငယ်လေးတွေဟာ ဒီမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အသီးအပွင့်တွေကို အပြည့်အ၀ခံစားနေရပေမဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတိုက်ပွဲဝင်နေကြတဲ့ ပြည်တွင်းထဲက ရဲဘော်ရဲဘက်တွေနှင့် နိုင်ငံသူ နိုင်ငံသား သွေးချင်းညီနောင်များဟာ ခုချိန်ထိ ဒီမိုကရေစီနှင့်လူ့ အခွင့်ရေးအသီး အပွင့်တွေကို မခံစားရသေးဘူးဆိုတာကိုလည်း သူတို့သိနား လည်အောင်ပါ ပြောပြချင်တဲ့ရည်ရွယ်ချက်တွေကြောင့် ခုလို ပွဲအခမ်း အနားကို ပြုလုပ်ကျင်းပရတာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီမှာရှိ တဲ့လူတွေအားလုံးကို ရှစ်လေးလုံးစိတ်ဓာတ်မပျောက်ဖို့  ရှစ်လေးလုံး မျိုးဆက် မပြတ် စေချင်လို့ ပါ။ " ဟု ဆိုသည်။

ရှစ်လေးလုံးအခမ်းအနားသို့ အမာရီလိုမြို့ မှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း တက် ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသား ကိုယ်စလှယ်တစ်ဦးဖြစ်တဲ့ ဘဲခေါင်းမောင်မောင်က " ရခိုင်အမျိုးသားတွေဟာသ မိုင်း ရေးအရခိုင်မာတဲ့ ကိုယ်ထီးကိုယ့်နန်းနဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး အင်္ဂ လိပ်ကိုလိုနီ လက်အောင်ရောက်စဉ်ကတည်းက လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာရော ဒီမိုကရေစီနှင့်ငြိမ်း ချမ်းရေးတိုက်ပွဲတွေမှာပါ ရှေ့တန်းကပါဝင်လာခဲ့ကြ တာဟာ ဒီကနေ့  ထိဖြစ်ပါတယ်။ ရခိုင်ဘုန်းတော်ကြီး ဆရာတော်ဦးဥတ္တမ ကိုယ် တော်ဟာ နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားပြောင် မြောက်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို ဆရာတော် ဦးစိန္တာ၊ ဆရာကြီးဘုံ ပေါက်သာကျော်တို့ ဟာလည်း ထင်ရှားတဲ့ခေါင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်သားတွေဟာ မိမိတို့ ကံကြမ္မာ မိမိတို့ ဖန်တီးခွင့်မရရှိခဲ့ သည့်အတွက် ယခုခဲ့သို့ အဖြစ်ဆိုးမျိုးတွေနဲ့ ကြုံတွေ့ နေရခြင်းဖြစ်ပါ တယ် " ဟု အခုဖြစ်ပျက်နေတဲ့ ရခိုင်ပြည်တွင်း အဓိကရုဏ်းများအပေါ်မှာ အမြင်သဘောထားများကို ပြောသွားသည်။

အမာရီလိုမြို့မှ ပွဲအခမ်းအနားတက်ရောက်လာသူ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုထွန်းတင်အောင်က " တာဝန်တွေ အလီလီနဲ့ ဒီမိုကရေ စီတိုက်ပွဲခရီးနှင်နေကြတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းထဲက သားပျောက် မိခင် တွေရဲ့ မျက်ရည်များကို သုတ်ပေးနေသလို ပြည်ပမှာ လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြတာကိုတွေ့ရပြီး အမျိုးဘာသာသနာအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အလုပ် လုပ်နေကြတာကို မြင်တွေ့ ရပါတယ်၊ တိုင်းရင်းသားတွေအပေါ်မှာရော လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်မှန် တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျောင်းသားခေါင်းဆောင်တွေရဲ့ သ ဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ကမ္ဘာကသိ အောင်ထုတ်ဖော် ပြောကြားလာကြတာကိုတွေ့ ရတဲ့အတွက် မြန်မာ နိုင်ငံရဲ့ အနာဂတ် အလားအလာကောင်းတွေ မြင်ယောင်မိပါ တယ် " ဟု ပြောသည်။

နံနက် ၁၁ နာရီခွဲမှာ ဇေယျသုခ ဓမ္မရိပ်သာဆရာတော်နှင့် ဦးဇင်းတွေကို ဆွမ်းကပ်ခဲ့ကြပြီး ၁၂ နာရီကျော်မှာ ကျောင်းထိုင်ဆရာတော် ဥူးနန္ဒ၀ံသမှ တရားနာရေစက်ချ အမျှဝေခဲ့ကြောင်း သိရပြီး ရှစ်လေးလုံး(8888) ပွဲအခမ်းအနားကို နေ့လည် တစ်နာရီမှနေ ညနေသုံးနာ ရီထိ ကျင်းပ ခဲ့ပြီး လူ ၈၀ ခန့် တက်ရောက်ခဲ့ကြောင်းလည်း သိရှိရသည်။

No comments: