Tuesday, August 14, 2012

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှန်ကန်မှုရှိရန် အပစ်ရပ်အဖွဲ့များ ထောက်ပြ

ဇော်ကြီး

အစိုးရ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်အား မှန်မှန်ကန်ကန် တည် ဆောက်ရန် လိုအပ် ကြောင်း အပစ်ရပ် တိုင်းရင်းသား လက် နက် ကိုင် တပ်ဖွဲ့များက ထောက်ပြ ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ အစည်းအဝေး၌ ဒု-သမ္မတဖြစ်သူ ကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းက နိုင်ငံတော်၏ ပကတိ အခြေအနေအရ ငြိမ်း ချမ်းရေးမှ လွဲ၍ အခြားရွေးစရာလမ်း မရှိဟု ပြောဆို ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြပါရှိသည်။

ယင်းကိစ္စအပေါ် ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဌ စောဒေး ဗစ်သာကပေါ က ပြည်သူလူထု တရပ်လုံး လက်ခံနိုင်သည့်မူအ ရ ငြိမ်း ချမ်းရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း အခုလို ထောက်ပြ ပြောဆို လိုက်သည်။

“မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်။ နိုင်ငံတကာ အမြင်မှာရော၊ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူ လူထု တ ရပ်လုံးရဲ့ အမြင်မှာရောလက်ခံနိုင်တဲ့ မူတွေ နဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် ရမှာ။ ဒါပေမယ်လို့ ကချင်ပြည်နယ်ဖက်မှာ အကြီးအ ကျယ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ၊ လူမျိုးတုန်း စစ်ဆင်နေတယ်။ အဲဒါကို ရပ်ပါရပ်ပါ ပြောတာကို မရပ်နိုင်ဘူး။ အဲဒီတော့ ဒီအစိုးရ ဘာအစိုးရလဲ အဲဒါကလည်း ကျနော်တို့ မေးခွန်းထုတ်ဖို့ ရှိတယ်ပေါ့ဗျာ။”

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၃) ခုအနက် ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်အတွင်း အမြဲ ပူးပေါင်း နေထိုင်ခြင်း၊ တို့တာဝန် အရေး သုံး ပါးကို လက်ခံခြင်း၊ စီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးတွင် ပူး ပေါင်းပါဝင် ဆောင်ရွက်ခြင်း စသည့်အချက်များပါဝင်ကြောင်း ဒုသမ္မတက ပြောဆိုခဲ့သည်။

ထို့အပြင် အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် ပါတီ ထူထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို လက်ခံပြီး ပြင်ဆင်လိုက လွှတ်တော် ထဲတွင် ၀င်ရာက်၍ ပြင်ဆင်ခြင်း၊ ထာဝရ ငြိမ်းချမ်းရေးအတွက် ဥပဒေ ဘောင်ထဲဝင်ပြီး အ ခြေခံ ဥပဒေ နှင့်အညီ တန်းတူ ရည်တူ နေထိုင်ခြင်း၊ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းသို့အသွင်ကူးပြောင်းခြင်း စသည်တို့ ဖြစ်ကြောင်း ဆက် လက် ပြောဆိုသည်။

ယင်းကိစ္စ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဥပဒေသည် တရားမျှတပြီး ပြည်သူလူထု တရပ်လုံး လက်ခံနိုင်သည့် ဥပဒေ ဖြစ်ရန် လိုအပ်သလို တခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအား အကာအကွယ်ပေးသည့် တပ် မတော် စစ်စစ် ဖြစ်ရန် လိုအပ်ကြောင်း KNU ဒု-ဥက္ကဌက ဆိုသည်။

ထို့အပြင် ဗဟိုအစိုးရမှ ချုပ်ကိုင်ထားသည့် တပ်မတော်က ပြည်နယ်အစိုးရ တပ်ဖွဲ့များအား တိုက်ခိုက်အနိုင်ကျင့်သည့်လုပ်ရပ်မျိုးသမိုင်း တွင် ဖြစ်ခဲ့ဖူးရာ ယင်းသို့ ဖြစ်မသွားရန် လိုအပ်ကြောင်းနှင့် အကြေအလည် ဆွေးနွေးရဦးမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည် တပ်မတော်တောင်ပိုင်း ခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်း လောဝ်ဆိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်ကအထက်ပါ သတ်မှတ်ချက်များမပါသေးကြောင်းနှင့်ပြည် ထောင် စုငြိမ်းချမ်း ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး နောက်ပိုင်း လွန်ခဲ့သည့် မေလ (၁၉) ရက်နေ့ရောက်မှသာ ကြေညာခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

ထို့အပြင် အထက်ပါကိစ္စအပေါ် အစိုးရနှင့် တစုံတရာ သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသလိုလူထုဆန္ဒအရသာ ဆောင် ရွက်သွားမည်ဟု တုန့်ပြန် ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ရှမ်းပြည်က ကျနော်တို့ အဖွဲ့တခုတည်း ရှိတာမှ မဟုတ်တာ။ ကျနော်တို့ရဲ့ နိုင်ငံရေး ပါတီတွေ ရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိ တယ်။ လူမှုအခြေပြု လူမှု အဖွဲ့ အစည်းတွေ ရှိတယ်။ ပြည်သူလူထုတွေ ရှိတယ်။ တိုင်းရင်း သား လူမျိုးစုတွေ ရှိတယ်။ သူတို့ အားလုံးရဲ့ ဆန္ဒ နဲ့အညီ ကျနော်တို့က လိုက်လျော ဆောင်ရွက်သွားမယ်လို့ အဲလို သဘောထားတွေ ရှိပါတယ်။”

လတ်တလော အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီး (၁၁) ခုအနက် (၁၀) ခုနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နှစ်ဖက် ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်၍ ပြဿနာများကို ဖြေရှင်းနေသော်လည်း နှစ်ဖက် လက်မှတ်ထိုးထားရုံဖြင့် ငြိမ်းချမ်းရေးဟု မဆိုနိုင်သေး ကြောင်း၊ အခန့်မသင့်လျင် အချိန်မရွေး ပျက်စီးသွားနိုင်ကြောင်း ဒုသမ္မတက ပြောဆိုခဲ့သည်။

ထို့အပြင် နှစ်ပေါင်း (၅၀) ကျော်ဖြစ်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် စီးပွားရေး ခြွတ်ခြုံကျလာပြီး ကမ္ဘာနှင့် အာရှတွင် ဖွံ့ဖြိုးမှု အ နည်းဆုံး နိုင်ငံအဖြစ်ရောက်ရှိခဲ့သဖြင့် ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းကြရန် အစည်းအဝေး တက်ရောက်သူများအား ဒုသမ္မတက တိုက်တွန်း ပြောဆိုခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။

No comments: