Friday, November 2, 2012

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓား၊ လှံ၊ လက်နက်များကို အပ်နှံရန် ကြေညာ

နိရဉ္စရာ

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အပ်နှံရန် မနေ့တွင် သက်ဆိုင်ရာက ကြေညာသည်။

အဆိုပါ ကြေညာချက်များကို ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

စာပါ အကြောင်းအရာများမှာ အထက်ပါအတိုင်း ဖြစ်သည်။


အောက်တိုဘာ ၂၁ ရက်မှစတင်၍ ရခိုင်ပြည်နယ် အတွင်း မြို့နယ်အချို့တွင် ပဋိပက္ခများ ထပ်မံ ဖြစ်ပွား လျက်ရှိရာ တစ်ဖက်နှင့်တစ်ဖက် လူ မျိုးစု အချင်းချင်း အပြန်အလှန် မီးရှီု့မှုများအပြင် သေဆုံး၊ ထိခိုက် ဒဏ်ရာရသူများရှိခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက အရေးယူ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ၀ိုင်းဝန်း ထိန်းသိမ်း လျက် ရှိ သည်။

နိုင်ငံတော်က မူလအခြေအနေသို့ အမြန်ရောက်ရှိအောင် တည်ငြိမ်းအေးချမ်းမှု အကောင် အထည် ဖော်ဆောင်ရွက် နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေစဉ်တွင် ဆူပူအကြမ်းဖက် လိုသူများမှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်း ရေးတို့ ပျက်ပြား စေရန် အဖျက်အမှောင့် လုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ဖော်ထုတ်သိရှိရ သည်။ အချို့မြို့နယ်များတွင် လူအုပ်စုဖွဲ့ကား ဓား၊ လှံ၊ တူမီး သေနတ်များ ကိုင်ဆောင်၍ လုယက် ဆူပူ အကြမ်းဖက်ရန် ကြိုးစားမှုများ ဖြစ်လာသဖြင့် တည် ငြိမ် အေးချမ်းမှု ပျက်ပြားပြီး ပဋိပက္ခကို အခြေအနေဆိုးရွား သွားစေရန်ဖန်တီးခဲ့ ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှာ ဥပဒေချိုးဖောက်မှု၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ တရားစွဲဆို ခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပဋိပက္ခ ဖြစ်စဉ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် တရားမ၀င်ကိုင် ဆောင်ထား သော လက်နက်များ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့မှစ၍ ၂၀၁၂ ခုနှစ်၊ နိုင်ဝင်ဘာ ၃ ရက်အတွင်း ၁၈၇၈ ခုနှစ်၊ လက်နက် ဥ ပဒေ ပုဒ်မ ၄ (ဃ) တွင် အဓိပ္ပာယ် ဖွင့်ဆို ထားသည့် သေနက်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ လက်နက်အ စိတ် အပိုင်းနှင့် လက်နက် ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေး အဖွဲ့များထံ အမြန်ဆုံး အပ်နှံကြ ရန်နှင့် သတ်မှတ်ရက် နောက် ပိုင်းတွင် ရန်ပြုလိုသော စိတ်ဖြင့် အဆိုပါလက်နက်များ ကိုင်ဆောင်ထားခြင်းကို တွေ့ရှိ ပါက ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း သက်ဆိုင်ရာက အမိန့် ထုတ်ပြန် ထားကြောင်း သတင်းရရှိဟု ပါရှိသည်။

No comments: