Friday, November 2, 2012

လှည့်ကွက်

မောင်ကျော်ဖိုး(ရမ္မာ)

(OIC)ကိုလက်ခံလိုက်ရင် ပြည်သူတစ်ရပ်လုံးက သဘောမတူဆိုတာကိုသိရက်နဲ့ လက်ခံလက်မှတ် ထိုးထားသလိုလို လှည့်ကွက်ဆင်တဲ့ အ တွက်ရိုးသားတဲ့ ရခိုင်ပြည်သူတွေ စိုးရိမ်တကြီး အကြိမ်ကြိမ်ဆန္ဒပြ ခဲ့ကြရတယ်။ ကျောင်းသားတွေ၊ သံဃာတော်တွေ၊ မြို့မိ မြို့ဖတွေ၊ သမ္မ တကြီးထံကန့်ကွက်လွှာ တင်သွင်းခဲ့ကြရတယ်။ ရခိုင်အမျိုးသမီးတစ်ရပ်လုံးကလည်း စက်တင်္ဘာ(၂၆)ရက်နေ့က မခံမရပ်နိုင်လို့ ဆန္ဒပြခဲ့ကြ တယ်။ အောက်တိုဘာလ(၁၅)ရက်နေ့က ရန်ကုန်၊ စစ်တွေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ ဆန္ဒ ပြခဲ့ကြသေး တယ်။ နောက်ဆုံးအောက်တိုဘာ(၂၀)ရက်နေ့အထိ ရခိုင် ပြည်နယ်ရဲ့ မြို့နယ်အချို့မှာ ဆန္ဒပြခဲ့ကြသေးတယ်။ အစိုးရရဲ့လှည့်ကွက်တွေ ကြောင့် ပြည်သူတွေ ဘယ်လောက်လည်ခဲ့ကြသလဲ။ မြန်မာတစ်နိုင်ငံလုံးကို သဲစားပြာလူးအရူးအမူးဖြစ်စေခဲ့တယ်။ ရာ ချီလို့ သေကြေ သောင်းချီလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတယ်။

အစိုးရရဲ့လှည့်ကွက်လို့ ဘာကြောင့်ပြောဆိုရသလဲဆိုရင် ပထမတစ်ချက်က ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကိစ္စမှာလူထုတွေ ကျေနပ်လောက် အောင် ချက်ချင်းမဆောင်ရွက်ခဲ့သဖြင့် လူမျိုးရေး အသွင် ပြောင်းလဲနိုင်တာကိုသိရဲ့နဲ့ မလုပ် ဆောင် ပေးတဲ့အတွက် တောင်ကုတ် ကိစ္စ ဖြစ် ပေါ်လာရတယ်။ မောင်တောမှာ သေတဲ့ဘင်္ဂလီတွေအတွက် ဆုတောင်းပွဲမှာ (နစက)ဗိုလ် မှူးကြီးအောင်ကြီးကိုယ်တိုင်ဘင်္ဂလီဖက်ကဆု တောင်း ပွဲကျင်းပခဲ့လို့ ကြီးမားတဲ့ပဋိပက္ခများ ဖြစ်သွားခဲ့ရတယ်။

ဒုတိယအချက်က စစ်တွေမြို့၊ နာရီစင်လမ်းဆုံကိစ္စမှာ ပြည်သူ့ရဲတပ်ဖွဲ့ကို ဘင်္ဂလီ(၁၀၀၀)ခန့်က ၀ိုင်း ရံထားကာ " ခဲ " နဲ့ပေါက်လို့ ရဲတွေကို သာမက ဒုရဲမှူးကြီးကိုယ်တိုင်ကို ခဲမှန်တဲ့အထိ ဖြစ်သွားရတယ်။ (ပစ်မိန့်မရလို့)အပေါ်ထောင် ပစ်ပြီး လူစုခွဲပစ်ခဲ့ကြရတယ်။ လူစုကွဲသွားပေ မယ့် ဘင်္ဂလီတွေ အခဲမကြေ ဖြစ်ကာ "ဘုမေရွာ"ကိုသွားပြီး မီးရှို့၊ ရခိုင်သဇင်တည်းခိုးခန်း ကိုသွားပြီးမီးရှို့၊ တည်းခိုးခန်းရှေ့တန်း လျား ကိုမီးရှို့၊ (နစက)အကြီးအကဲကိုယ်တိုင် ဘင်္ဂလီတွေမီးရှို့တာကို ဓါတ်ပုံရိုက်ပြီး ပြန်သွား တယ်။ ဟန့်တားခြင်းမရှိခဲ့။ ဒီအဖြစ်အပျက်ဟာ ကိုယ် ကိုင်ပါဝင်လုပ်ဆောင်ခဲ့တဲ့ ရဲတပ်ကြပ်တစ်ဦးရဲ့ ထွက်ဆိုတင်ပြခြင်း ဖြစ်ပါသည်။ အစိုးရရဲ့လိုအပ်ချက်တွေကို ဘင်္ဂလီ-ရခိုင် ပြင်းပြင်းထန် ထန်ဖြစ်တဲ့ နေရာတိုင်းမှာ သေသေ ရှာရှာလေ့လာသုံးသပ်ရင် တွေ့ရမှာဖြစ်ပါ တယ်။

ရခိုင်ကို ဘင်္ဂလီနဲ့လှည့်တိုက်ရင် အရမ်းလွတ်လပ်တယ်ဆိုတဲ့ (Key)ကို မြန်မာအစိုးရကသိထား တယ်လေ။ ပြည်တွင်း/ပြည်ပမှာရှိကြတဲ့ နိုင် ငံ ရေးသမားတွေသာမက နိုင်ငံတကာကိုပါ မျက်စိလည်သွား အောင်လှည့် စား နိုင်ခဲ့တယ်။

ရွှေ(gas)ကရတဲ့ အကျိုးအမြတ်နဲ့ ရခိုင်ပြည်(၂၄)နာရီမီးရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ပေးရမယ်။ အခုရန်ကုန်မှာ လျှပ်စစ်မီး (၁)ယူနစ်ကို (၂၅ိ/-)ကျပ်၊ စစ်တွေမှာ (၁)ယူနစ်ကို(၅၀၀ိ/-)ကျပ်၊ တပ်မတော်သားသုံးတဲ့ ယူနစ်ပါ ထည့်ပေါင်းထားလို့ တပ်မတော်သုံးတာကို ရ ခိုင်ပြည်သူတွေက ပေးဆောင် ရတယ်။ မီးက ပုဂ္ဂလိကမီး၊ အစိုးရက တရားဝင်သတ်မှတ် မပေးထား၊ ဒီမီတာနှုန်းထားနဲ့ ဘယ်လိုလုပ် ငန်း လုပ်ကြမလဲ။ သာမန် မီးပူ၊ ပန်ကာသုံးတာနဲ့တောင် တစ်လလျှင် (၃၀၀၀ိ/-)ခန့် ကုန်ကျ နေ ပြီ။ (၂၄)နာရီ မီးရလာရင် ရခိုင်တွေ ထောင် လာမယ်၊ ဘင်္ဂလီနဲ့ တိုက်ပေးထားရင် ရခိုင်လည်းထောင်မလာနိုင်တော့ဘူး။ စီမံကိန်း လည်း ခဏတစ်ပြုတ်မှေးမှိန်သွားမယ်။ တစ် ချက်ခုတ် နှစ်ချက်ပြတ် ရခိုင်တွေကိုအတိတ်မေ့ရောဂါ ပေးထားလိုက်ပြီ။

၂၀၀၈ ခုနှစ်က အိန္ဒိယနဲ့ မြန်မာသဘောတူထားတဲ့ စီမံကိန်းတွေရှိတယ်၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမှ စစ်တွေထိရေကြောင်း (၅၃)ကီ လိုမီတာ(စီမံကိန်း)၊ စစ်တွေမှ ပလက်ဝထိ ကားလမ်း (၁၂၉)ကီလိုမီတာ(စီမံကိန်း) စတဲ့စီမံကိန်းတွေကို နှောင့်နှေးစေတယ်။ ပြည်သူ တွေရဲ့ရင်ထဲမှာ(ရိုဟင်ဂျာ) (သို့) (OIC)လို့ ဖြစ်သွားလောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အစိုးရကို ချီးကျူးပါတယ်။ ဒါတွေအပြင် ကျောက်ဖြူ မဒေးကျွန်း ကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ၊ ကချင်ကိစ္စတွေကိုပါ အမှောင်ချ ပေးနိုင်ခဲ့တယ်။

အချို့က မြန်မာအစိုးရအဖွဲ့ကို အထင်သေးကြတယ်။ အခုမြန်မာအစိုးရ ပညာပြလိုက်တာကြောင့် မြန်မာ မကလို့ တစ်ကမ္ဘာလုံးကိုပါ ဂ ယက်ရိုက်သွားစေခဲ့တယ်။ မဟုတ်လား။ ဘယ်လောက်တော်သလဲ။ ဒီလို လှည့်ကွက်တွေကို မြန်မာနိုင်ငံရေးခေါင်းဆောင်တွေ၊ အထူးသ ဖြင့် ရခိုင်နိုင် ငံရေး ခေါင်းဆောင်နဲ့ ရခိုင် အမျိုးသားလွှတ်တော်အမတ်တွေ သိသင့်တယ်။ အကင်းပါးသင့်တယ်။ သတိထားစောင့်ကြည့်ဖို့လိုတယ်။ ဒီပဋိပ က္ခမှာရခိုင်ခေါင်းဆောင်အချို့ ဗျူဟာနည်းတယ်။ (NGOs)တွေကို မောင်းထုတ်တာဟာ ဆန္ဒ စော တယ်လို့ပြောချင် တယ်။ အမျိုးသား တိုး တက်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ နိုင်ငံတကာ အကူအညီ အထူးလိုအပ်ပါတယ်။

အစိုးရဟာ နောက်ဆုံးအကြိမ်ထိ" ၀ှက် ဖဲ " တစ်ချပ်ကို အသုံးပြုပြီးလှည့်စားနိုင်ခဲ့တယ်။ ပြည်သူ့ ဆန္ဒကိုလိုက်လျော့သလိုနဲ့ (OIC)ကို မြန် မာ နိုင်ငံအတွင်း မသွင်းတော့ပါဘူးလို့ မဟာကယ်တင်ရှင်ကြီး လုပ်လိုက်တာဟာ သဘောကျစရာ ပညာယူစရာကောင်းလောက် ပါ ပေတယ်။ ကမ္ဘာကမျက်စိလည်သွား ရတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ သူတို့အတွက် အမြတ်အများကြီးကျန်ပါတယ်။

အခုကိစ္စမှာ တိုင်းနဲ့ပြည်နယ်(၁၄)ခုမှ ရခိုင်ပြည်နယ်ဟာ ဒုတိယအဆင်းရဲဆုံးဘ၀ကနေ ပထမ အ ဆင်ရဲဆုံးဘ၀သို့ မြှင့်တင်ပေးနိုင်တယ်။ ဘင်္ဂ လီတွေရဲ့ဆန္ဒ၊ ဘင်္ဂလီတွေရဲ့ ဖက်တော်သားနိုင်ငံတွေ ဘယ်သူဘယ်ဝါဆိုတာတွေဆိုတာ ခန့်မှန်းမိနိုင်ခဲ့တယ်။ ကမ္ဘာကိုလည်း တရား မျှတမှုရှိတဲ့အစိုးရ၊ သိက္ခာရှိ တဲ့အစိုးရအဖြစ် ပြသခွင့်ရလိုက်တယ်။ ဒါတွေဟာသူတို့ အုပ်ချုပ် ရေးယန္တရား လည်ပတ်ဖို့အတွက် အထူးလို အပ်ချက်တွေ မဟုတ်ပါလား။ (EU)အဖွဲ့ကို ငြိမ်းချမ်းရေး ဆုပေးတာလွဲသွားပါပြီ၊ ဦးသိန်းစိန် ခေါင်း ဆောင်တဲ့ မြန်မာအစိုးရအဖွဲ့ကိုပဲ ပေး သင့်တယ်။ မဟုတ်ပါလား။......

No comments: