Wednesday, June 26, 2013

မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ

ABC

သြစတြေးလျနိုင်ငံက ​မြန်မာ ​နိုင်ငံကို ​ထောက်ကူပေးနေတဲ့ထောက်ပံ့ကြေးတွေဟာ ​အရင်က ​ကုလသမဂ္ဂ ​ကနေ ​တဆင့် ​ပံ့ပိုးခဲ့တာဖြစ်ပြီး ​အခု ​အခါမှာ ​မြန်မာ ​အစိုးရကို ​တိုက်ရိုက်ပံ့ပိုးဖို့ ​စီစဉ်နေပြီ ​ဆိုတဲ့အကြောင်း ​သြစတြေးလျနိုင်ငံ ​AusAid ​လို့ခေါ်တဲ့ ​ထောက်ပံ့ရေးအေဂျင်စီက ​အထွေထွေဦးဆောင် ​ညွှန်ကြားရေးမှူး ​Peter ​Baxter ​က ​ABC ​ကို ​ပြောပြခဲ့ပါတယ်။

ရှေ့လထဲမှာ ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံကို ​လာရောက်ဖို့ရှိတဲ့ ​အတွက် ​မြန်မာနဲ့ ​သြစတြေးလျ ​၂ ​နိုင်ငံ ​အ ​စိုး ​ရ ​ကြား ​မှာ ​ဆွေးနွှေးမှုတွေ ​ပြုလုပ်သွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံကို ​အဓိက ​အားဖြင့် ​ပညာရေးမှာကဏ္ဍ ​ထောက်ပံ့သွားမှာ ​ဖြစ်ပြီး ​- ​ပြီးခဲ့ ​နှစ်က ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံကို ​လာရောက် ​ခဲ့စဉ်က ​ကျောင်းဆရာ ​ဆရာမတွေ ​အဖို့ ​သင်တန်းတွေ၊ ​ကျောင်းတက် ​နှုန်းပိုပြီး ​ကောင်းလာအောင် ​ကျောင်းတွေမှာ ​နေ့လည်စာကျွေးတဲ့ ​အစီ ​အစဉ်တွေကို ​ကြေညာခဲ့တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံက ​ဒီလိုထောက်ပံ့ကြေးတွေကို ​အခု ​အချိန် ​အထိ ​NGO ​အဖွဲ့ ​တွေနဲ့သာ ​ဆောင်ရွက်ခဲ့တာ ​ဖြစ်ပါတယ်။

သြစတြေးလျကို ​ပညာတော်သင် ​ပိုမို ​တိုးချဲ့ခေါ်ယူတဲ့ ​အစီအစဉ်ကို ​ပြီးခဲ့တဲ့ ​၂နှစ်က ​စတင်ခဲ့ပါတယ်။

Peter ​Baxter ​က ​သြစတြေးလျ ​နိုင်ငံအနေနဲ့ ​ပံ့ပိုးပေး ​နေတာတွေဟာ ​လိုအပ်တဲ့ ​နေရာတွေ ​ကို ​ရောက်မရောက် ​ထိ ​ရောက်မှု ​ရှိ ​မရှိ ​ဆို ​တာတွေ ​ကို ​လဲ ​ကွင်းဆင်းလေ့လာမှု ​တွေ ​ကို ​လိုက်လံကြည့်ရှုစစ်ဆေး ​ပြီး ​ဆောင်ရွက်နေတာဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာ ​နိုင်ငံကိုထောက်ပံ့နေတဲ့ ​သြစတြေးလျ ​ထောက်ပံ့ကြေးဟာ ​ဒီ ​နှစ်မှာ ​ဒေါ်လာ ​သန်းပေါင်း ​၆၄.၂ ​သန်း ​ဖြစ်ပြီး ​၂၀၁၃-၁၄ခု ​နှစ်မှာ ​ဒေါ်လာ ​၈၂.၈ ​သန်း ​အထိ ​ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​ကတော့ ​မြန်မာ ​နိုင်ငံ ​အဖို့ထောက်ပံ့ကြေးတွေဟာ ​ပြည်တွင်း ​က ​တိုင်းရင်းသားလူမျိုးစု ​ငယ်တွေ ​နဲ့ ​အစိုးရ ​ကြား ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေ ​ကြောင့် ​ထိခိုက် ​နိုင်တယ်လို့ ​လဲ ​ပြောသွားပါတယ်။

No comments: