Friday, June 28, 2013

Telenor နဲ့ Ooredoo ကုမ္ပဏီတွေ ဆက်သွယ်ရေး လုပ်ငန်း တင်ဒါအောင်မြင်

ABC

မြန်မာနိုင်ငံမှာ ​ဆက်သွယ်ရေး ​၀န်ဆောင်မှုလုပ်ငန်းများ ​လုပ်ဆောင်နိုင်ဖို့ ​အော်ပရေတာ ​ခေါ်ယူရာမှာ ​နော်ဝေးနဲ့ ​ကာတာနိုင်ငံ ​ဆက်သွယ်ရေး ​ကုမ္ပဏီနှစ်ခုက ​တင်ဒါအောင်မြင်သွားခဲ့တယ်လို့ ​တင်ဒါစိစစ် ​ရွေးချယ်ရေးကော်မတီက ​မနေ့က ​ကြေညာလိုက်ပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် ​Orange ​ကုမ္ပဏီနဲ့ ​ဂျပန်နိုင်ငံအခြေစိုက် ​Marubeni ​ကုမ္ပဏီတို့ကတော့ ​အရံအဖြစ် ​ရွေးချယ်ထားတယ်လို့ဆိုပါတယ်။

နော်ဝေးနိုင်ငံအခြေစိုက် ​Telenor ​နဲ့ ​ကာတာနိုင်ငံအခြေစိုက် ​Ooredoo ​ကုမ္ပဏီတို့ ​ဟာ ​မြန်မာနိုင်ငံထဲမှာ ​ဆက်သွယ်ရေး ​၀န်ဆောင်မှုလုပ်ငန်းများ ​လုပ်ဆောင်နိုင်ဖို့ ​အော်ပရေတာ ​ခေါ်ယူရမှာ ​စကာတင်ရွေးချယ်ခံခဲ့ရတဲ့ ​နိုင်ငံခြား ​ကုမ္ပဏီ ​၁၁ ​ခုထဲက ​နှစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​မိုလ်ဘိုင်းဖုန်းဈေးကွက်တိုးချဲ့လုပ်ဆောင်နိုင်ဖို့ ​အတွက် ​အခုလို ​နိုင်ငံခြားက ​ဆက်သွယ်ရေးကုမ္ပဏီတွေကို ​ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ​လက်ရှိအားဖြင့် ​မြန်မာနိုင်ငံမှာ ​မိုလ်ဘိုင်းဖုန်းသုံးစွဲနိုင်တဲ့ ​လူဦးရေ ​၁၀ ​ရာခိုင်နှုန်းလောက်ပဲ ​ရှိသေးတယ် ​လို့ဆိုပါတယ်။

တင်ဒါအောင်မြင်သွားတဲ့ ​ကုမ္ပဏီ ​၂ ​ခုဟာ ​ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ ​Myanmar ​Telecom ​နဲ့ ​Yadanarpon ​Telecom ​တွေနဲ့အပြိုင် ​ဝန်ဆောင်မှုပေးကြရမှာဖြစ်ပြီးတော့ ​၂ဝ၁၃ ​ခုနှစ်ကနေ ​၂ဝ၁၆ ​ခုနှစ်အထိ ​မိုလ်ဘိုင်းဖုန်းအလုံးရေ ​၃၉ ​သန်းခွဲခန့် ​ရောင်းချရမယ်လို့ ​သတ်မှတ်ထားပါတယ်။

No comments: