Saturday, August 30, 2014

မြန်မာနိုင်ငံ တစ်ဝန်း တရားမ၀င်ကုန်စည် ဖမ်းဆီးမှုများမှ သြဂုတ်လ လယ်အထိ ကျပ် ဘီလီယံ ၂၀ ကျော် ရရှိထား

မို့မို့ကြည်

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုဘိုင်းအဖွဲ့ (ရွေ့လျားဖမ်း ဆီးရေးအဖွဲ့) လုပ်ငန်း စတင်ဆောင်ရွက်သည့်နေ့မှ သြဂုတ်လ ၂၁ ရက်အထိ တားဆီးထိန်းသိမ်းထား သည်ကုန်ပစ္စည်းများ၏ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ်၂၀ ဒသမ ၆၅၃ ဘီလီယံအထိ ရရှိခဲ့ပြီဖြစ်သည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ကုန်သွယ်မှုများ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာစေရန် မိုဘိုင်းအဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီး စစ်ဆေးခဲ့ပြီး အဆိုပါဖမ်းဆီးရရှိသည့် ကုန်ပစ္စည်း များမှာနယ်စပ်စခန်းများမှ ထုတ်နုတ်အင်းအားအဖွဲ့များ၏ ဖမ်းဆီးမှုများအပါအ၀င် ဖမ်းဆီးရရှိမှုမှာ အမှု တွဲ ပေါင်း ၃,၉၀၅ မှုနှင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်၂၀ ဒသမ ၆၅၃ ဘီလီယံ အထိ ရရှိခဲ့ပြီးဖြစ်သည်။

တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးရရှိသည့် လမ်းကြောင်းများမှာ မူဆယ်-မန္တလေးလမ်းကြောင်း၊ မြ၀တီ-ရန်ကုန်လမ်းကြောင်း၊ တမူး-ကလေး လမ်းကြော င်း၊ မွန်ပြည်နယ်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်ပြီး ထုတ်နုတ်အင်အားဖြင့် ဖမ်းဆီးသည့်အဖွဲ့များမှာ မူဆယ်ထုတ် နုတ်အင်အား၊ တမူးထုတ်နုတ် အင် အား၊ တာချီလိတ်ထုတ်နုတ်အင်အား၊ ကျိုင်းတုံထုတ်နုတ်အင်အားများကလည်း ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

အဆိုပါဖမ်းဆီးရရှိသည့် ကုန်ပစ္စည်းများကို မိုဘိုင်းအဖွဲ့ လုပ်ငန်းစတင်ဆောင် ရွက်သည့်နေ့မှ သြဂုတ် လ ၂၁ ရက်အထိ အမှုတွဲဖွင့်လှစ်၍ အကောက်ခွန်ဦးစီး ဌာနသို့ လွှဲပြောင်းပြီးစီးသွားပြီးဖြစ်သည်။

အဆိုပါ မိုဘိုင်းအဖွဲ့များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှု များ လျော့နည်းပပျောက်စေရန် ဗဟိုကော်မတီ၏ တိုက်ရိုက် ကြီးကြပ်မှုဖြင့် မူဆယ်လမ်းကြောင်းနှင့် မြ၀တီ-ရန်ကုန် လမ်းကြောင်းပေါ်တွင် စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

No comments: