Saturday, August 30, 2014

မြန်မာမှာနေစွမ်းအင် စီမံကိန်း ဆောက်လုပ်ဖို့ အမေရိကန်က ကူညီမယ်

ABC

မြန်မာနိုင်ငံ ​အလယ်ပိုင်း ​မန္တလေးမြို့ ​ဒေသ ​တ၀ိုက်မှာ ​နေစွမ်းအင် ​စီမံကိန်းတခု ​လုပ်ဆောင်ဖို့ ​အတွက် ​အမေရိကန် ​ရင်းနှီး ​မြုပ်နှံ ​သူတွေက ​ဒေါ်လာ ​သန်း ​၄၈၀ ​ကူညီ ​မယ်လို့ ​သိရပါတယ်။

ဒီနေစွမ်းအင် ​စီမံကိန်းဟာ ​မြန်မာနိုင်ငံ ​တနိုင်ငံလုံး ​အတွက် ​စွမ်းအင် ​၁၂ ​ရာခိုင်နှုန်း ​ဖြန့်ဝေပေး ​နိုင်မှာ ​ဖြစ်ပါတယ်လို့ ​အမေရိကန် ​ကုန်သွယ်ရေး ​ကိုယ်စားလှယ်နဲ့ ​ရင်းနှီးမြုပ်နှံရေး ​အကြီးအကဲ ​Hari ​Achuthan ​ကပြောပါတယ်။

အမေရိကန် ​အခြေစိုက် ​ACO ​ရင်းနှီး ​မြုပ်နှံရေး ​အဖွဲ့နဲ့ ​မြန်မာနိုင်ငံ ​လျှပ်စစ်စွမ်းအင် ​၀န်ကြီးဌာနတို့ ​အကြား ​မီကာဝပ် ​၁၅၀ ​ရှိတဲ့ ​နေစွမ်းအင် ​ဓာတ်အား ​နှစ်ခု ​ဆောက်လုပ်ဖို့ ​သဘောတူခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒီနေစွမ်းအင် ​စီမံကိန်းကို ​၂၀၁၆ ​ခုနှစ်မှာ ​စတင် ​ဆောက်လုပ် ​သွားမှာဖြစ်ပြီး ​မြင်းခြံနဲ့ ​မိထ္တီလာ ​ခရိုင်တွေမှာ ​ဆောက်လုပ်ဖြစ်ဖို့ ​များတယ်လို့ ​ဆိုပါတယ်။

ဒီနေစွမ်းအင် ​စီမံကိန်း ​ကနေ ​ဆောက်လုပ်ရေး ​ကဏ္ဍအတွက် ​အလုပ် ​အကိုင်ပေါင်း ​၄၀၀ ​နဲ့ ​ရေရှည် ​အလုပ်အကိုင်ပေါင်း ​၁၀၀ ​ဖန်တီးပေးနိုင်မှာ ​ဖြစ်တယ်လို့ ​ACO ​ရင်းနှီး ​မြုပ်နှံရေး ​အဖွဲ့က ​ယူဆထား ​ကြပါတယ်။

No comments: