Sunday, August 31, 2014

မာစတာစပေါ့စက်ရုံလုပ်သားများအရေး အလုပ်ရှင်မဖြေရှင်းပါကစက်ရုံတွင်းပစ္စည်းများ လေလံတင်ရောင်းကာ ဖြေရှင်းမည်ဟုဆို

ခင်မြတ်မြတ်ဝေ

မာစတာစပေါ့ဖိနပ်စက်ရုံပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့်အလုပ်သမားများ၏ နစ်နာကြေးကို ခုံသမာဓိက ဆုံးဖြတ်ထား သည့်အတိုင်း အလုပ်ရှင် ဘက်မှရက် ၃၀အတွင်း (စက်တင်ဘာ ၁၇ရက် နောက်ဆုံးထား၍) ဖြေရှင်း မပေးပါကနာက်ဆုံးအဆင့်တွင် စက်ရုံအတွင်းမှ ပစ္စည်းများကို လေလံတင်ရောင်းချကာ နစ်နာကြေးအဖြစ် အသုံးပြုမည်ဟုလှိုင်သာယာ မြို့နယ် အလုပ်ရှင်နှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဌာနမှဦးစီးမှူး ဦးအောင်နိုင်က မဇ္ဈိမကို ပြောသည်။

''ဒီရက် ၃၀အတွင်း အလုပ်ရှင်ဘက်က အလုပ်သမားတွေကို ငွေသားပေးတာမျိုး၊တခြားနည်းလမ်းနဲ့ ကမ်းလှမ်းတာမျိုးမရှိဘူးဆို ရင် ပစ္စည်း ဝရမ်းကပ်မယ်။နောက်တစ်ဆင့် လေလံတင်ရမယ်"ဟု ၎င်းကပြောသည်။

အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီဌာန၏လုပ်ထုံးလုပ်နည်းအတိုင်း စက်ရုံတွင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို NOTIC (သတိပေးစာ) ကပ်၍ လုပ်ထုံးလုပ်နည်း အတိုင်းအလုပ်သမားများအား ဖြေရှင်းပေး မည်ဖြစ်သည်။

အလုပ်သမားများ၏ နစ်နာကြေး၊ လုပ်ခလစာများကို ရက်ပေါင်း ၃၀အတွင်းအလုပ်ရှင်ဘက်က လာရောက်မဖြေရှင်းပေးပါက ၂၀၁၂ခုနှစ် အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရး နည်းဥပဒေပုဒ်မ အခန်း(၇) ပုဒ်မ (၂၇) အရ ဆောင်ရွက်သွား မည်ဖြစ်သည်။

အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က "ကျွန်တော်တို့ကိုအဲ့လိုဖြေရှင်းပေးရင်တော့ အဆင်ပြေသွားတာပေါ့"ဟု ဆိုသည်။

ခုံသမာဓိရုံးက သြဂုတ်လ ၁၉ရက်တွင် အလုပ်ရှင်ဘက်မှ အလုပ်သမားများအားအလုပ်ပိတ်နစ်နာကြေးကို ရက်ပေါင်း (၃၀) အတွင်းဖြေရှင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Master Sport ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီးစက်ရုံရှိ အလုပ်သမား ၈၀၀ခန့်က လုပ်ခလစာနှင့် နစ်နာကြေး များ ရရှိရန်စက်ရုံပိတ်သိမ်းသည့်နေ့မှ စတင်၍ နံနက် ၇နာရီမှ ညနေ၄နာရီအထိ စက်ရုံရှေ့၌ ဇူလိုင်လ ၁၇ရက်ထိ ဆန္ဒပြ တောင်း ဆိုခဲ့သည်။ ဇူလိုင်၁၇ရက်တွင် စက်ရုံရှေ့မှ ကိုရီးယားသံရုံးရှေ့အထိ အလုပ်လက်မဲ့ဖြစ်သွားသည့်အလုပ်သမား ၈၀၀ခန့် ကလ စာနှင့်နစ်နာကြေးများ ရရှိရန် လမ်းလျောက်ကာ ဗဟန်းမြို့ တက္ကသိုလ်ရိပ်သာလမ်းရှိကိုရီးယား သံရုံးရှေ့တွင် နေ့လည်၂နာရီအ ထိ ဆန္ဒထုတ်ဖော်ခဲ့သည်။

No comments: