ABC
al-Qaeda အကြမ်းဖက်အဖွဲ့က သူတို့ရဲ့ လှုပ်ရှားမှုတွေကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အိန္ဒိယအစရှိတဲ့ အိန္ဒိယတိုက်ငယ်အထိ တိုးချဲ့လုပ်ဆောင်မယ်လို့ ကြေညာပြီးနောက် မြန်မာက လုံခြုံရေးတွေ ပိုဂရုစိုက်မယ်လို့ တုန့်ပြန်လိုက်ပါတယ်။
အိန္ဒိယတိုက်ငယ်တွေအထိ ဂျီဟတ်ရဲ့ အလံတော်ကို လွှင့်ထူမယ်လို့ al-Qaeda အဖွဲ့ခေါင်းဆောင် Ayman al-Zawahiri က ကြေညာခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းတွေ မြန်မာနဲ့ အိန္ဒိယတဝိုက်မှာ လှုပ်ရှားနိုင်တယ်ဆိုတာကို အရင်ကတည်းက ကြိုတင် သတင်းရရှိ ထားတာတွေ ရှိတယ် လို့လည်း မြန်မာ အစိုးရက ပြည်ပ အခြေစိုက် မြန်မာ သတင်းတွေ ကို ပြောသွား ခဲ့ပါတယ်။
Al-Qaeda အဖွဲ့ ခေါင်း ဆောင်ရဲ့ ကြေညာ ချက်ကို မြန်မာ မွတ်စလင် တွေက ဆန့်ကျင်နေပြီး အကြမ်းဖက်မှုကို အစ္စလာမ် ဘာသာက သင်ကြားထား တာမရှိသလို အကြမ်းဖက်မှုကို မလိုလားဘူး လို့လည်း မြန်မာ ပြည်တွင်းမှာ နေထိုင်တဲ့ မွတ်စလင်တွေက ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အလားတူ အိန္ဒိယနိုင်ငံ မှာလည်း အကြမ်းဖက် သမားတွေရဲ့ ရန်ကို ကာကွယ်တဲ့ အနေနဲ့ အိန္ဒိယ အစိုးရက ပြည်နယ် ငါးခုမှာ လုံခြုံရေး တိုးမြှင့် ချထားလိုက် ပါတယ်။
တချို့လူတွေကတော့ တချိန်တခါက သြဇာအာဏာ လွှမ်းမိုးမှု ရှိခဲ့တဲ့ al-Qaeda အဖွဲ့ဟာ ခေါင်းဆောင် အိုဆာမာ ဘင်လာဒင် ပစ်သတ်ခံရပြီး နောက်ပိုင်း အာဏာ အရှိန်အဝါ မှေးမှိန်လာပြီး လက်အောက် ငယ်သား အဖွဲ့တွေ ခွဲထွက် လာနေတဲ့ အတွက် အရှေ့တောင် အာရှဘက်မှာ နောက်လိုက်တွေ ရရှိအောင် လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အခုလောလောဆယ် al-Qaeda အဖွဲ့ကနေ ထုတ်ပယ်ခံရတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ အင်အားကောင်းလာနေပြီး IS အဖွဲ့အကြောင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ပါကစ္စတန်နိုင်ငံအထိ ဖြန့်ဝေမှုတွေ လုပ်ခဲ့ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment