သီဟကိုကို
အစိုးရ သက်တမ်းကျန်ရှိသည့် ကာလအတွင်း အထည်ချုပ်လုပ်ငန်းကို အထူး အလေးပေးထောက်ပံ့ပေး သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာပွင့်ဆန်းက စက်တင် ဘာ ၇ ရက်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေး၌ ပြောကြားသည်။
အမေရိကန်နှင့် အီးယူနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံ၏ အထည် ချုပ်လုပ်ငန်း အခြေအနေသည် တိုးတက်မှုမြန်ဆန် လာခဲ့ပြီး အထည်ချုပ်လုပ်ငန်းသည် အလုပ် အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ၀ိုင်းဝန်းထောက် ပံ့ကူ ညီ ပေးနေသည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာပွင့်ဆန်းက “ပုဂ္ဂလိကကဏ္ဍ၊ အသင်းအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဌာန တွေအပြင် နိုင်ငံတ ကာကလည်း အထည်ချုပ်လုပ်ငန်းကို စဉ်ဆက်မပြတ် ကူညီထောက်ပံ့နေတယ်။Development Partnerအဖြစ်လည်းဆက်လက်လက်တွဲသွားမယ်။အစိုးရသက်တမ်းကျန်ရှိနေတဲ့၁၈လအတွင်းမှာအထူးအလေးပေး ဆောင်ရွက်သွားမယ်”ဟု ပြောသည်။
အထည်ချုပ်လုပ်ငန်းကို ဂျပန်နိုင်ငံမှ JICA? JETRO၊ ကိုရီးယားနိုင်ငံမှ KOICA၊ ဗြိတိန်၊ နယ်သာလန်၊ နော်ဝေးနိုင်ငံမှအဖွဲ့အစည်းများကနည်းပညာနှင့်လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပံ့ပိုး ဆောင်ရွက်ပေးနေပြီး စီးပွား/ကူးသန်း (ရန်ကုန်)ရုံးတွင် ပို့ကုန်မြှင့်တင်ရေးအတွက် ကုန်သွယ်မှုစင်တာရုံး များ အထိုင်ဖွင့်လှစ်ကာ ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေါက်တာပွင့်ဆန်းက “နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနဲ့ ၀င်ငွေတိုးတက်ရရှိရေးကို ဆောင်ရွက်ရာမှာ အထည်ချုပ် က အလုပ်အကိုင်ရော ၀င်ငွေပါ ဖန်တီးပေးနိုင် တာဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်”ဟု ပြောသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ပြည်ပသို့ တင်ပို့နေသည့် အထည်ချုပ်စက်ရုံ ၂၀၀ကျော်ရှိပြီး အလုပ်သမား ဦးရေ နှစ်သိန်းကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိနေသော်လည်း အထည်ချုပ်လုပ်ငန်း၏ ကြီးမားသည့် စိန်ခေါ်မှု အခက်အခဲအဖြစ် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် အဓိကရင်ဆိုင် နေရသည်ဟု အထည်ချုပ် လုပ် ငန်းရှင်များ က ပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အထည်ချုပ် လုပ်ငန်းသည် ပြည်ပပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ သန်း ၁,၁၀၀ ခန့်ရ ရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်ဝင်ငွေ သန်း ၁,၀၀၀ ကျော်သွားမည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ဧပြီ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ မြန်မာနိုင်ငံမှ အ၀တ်အထည် ကန်ဒေါ်လာ ၃၉၆ ဒသမ ၆၀၅ သန်း တင်ပို့ခဲ့ပြီး ယခင် ဘဏ္ဍာနှစ် အ၀တ်အထည်တင်ပို့မှုမှ ကန် ဒေါ်လာ ၁,၁၀၀ ဒသမ ၆၄ သန်း ရရှိခဲ့သည်။
No comments:
Post a Comment