စိုးသန်းလင်း
ရွှေဆိုင်နှစ်ဆိုင်နှင့်သုံးခန်းတွဲအထည်ဆိုင် အပါအဝင် ဆိုင်ခုနှစ်ဆိုင် မီးလောင်ကာ ကျပ် ၁၂၅သိန်း ဆုံးရှုံးသည်ဟု ခရိုင်မီးသတ်ဦးစီးဌာနက သတ်မှတ်ခဲ့သည့်ပျဉ်းမနားဈေးကြီး အရှေ့ဘက်တွင် နံနက် ၂ နာရီခန့် က မီးလောင်မှု၏အကြောင်းရင်းကို ညနေ ၃နာရီအထိ အဖြေရှာမတွေ့သေးဟု သိရသည်။
“မီးလောင်တဲ့ အချိန်က ၂း ၁၀ နာရီလို့ ခန့် မှန်းပါတယ်၊ အားလုံးအိပ်မောကျနေချိန်ဆိုတော့ ဘယ်ဆိုင်က စလဲ၊ ဘာကြောင့်လဲ မပြောနိုင်သေးပါဘူး၊မျက်မြင် အရတော့အ ထည်ဆိုင်ခန်းတွဲနဲ့ HUAWEI ဖုန်းဆိုင်က အပျက်အစီးများပြီး ဘေးဆိုင်တွေက အနောက်ပိုင်းတွေ ကိုပဲပတ်ပြီးလောင် ထားတယ်၊ရဲတွေက စစ်ေ ဆးနေတုန်းပါ” ဟုခရိုင်မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးရဲကျော်စွာဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
ပျဉ်းမနားမြို့ ဗိုလ်မင်းရောင်လမ်းနှင့် ၅ လမ်းအကြား၊ မင်္ဂလာရပ်ကွက်၊ဗိုလ်လင်္ကျာလမ်းပေါ်ရှိ ငွေပဒေသာ အရုပ်ဆိုင်၊ ဦးသာရရွှေဆိုင်၊အထည်ဆိုင်၊ဖုန်းဆိုင် ၊ ရွှေမြင်းပျံ ရွှေဆိုင်၊ အိမ အအေးဆိုင်နှင့်ဟုတ်စိန် ခေါက်ဆွဲဆိုင်တို့  မီးလောင်ခြင်းကို၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ၂း ၁၅ နာရီတွင် ဖုန်းဆက်သောေ ကြာင့် အဆင့်(၃) မီးငြိမ်းသတ်ခြင်းဖြင့် စီစဉ်ငြိမ်းသတ်ခဲ့သည်ဟု ရဲကျော်စွာဝင်းမြင့်ကပြောသည်။
“ Level III ဖြစ်တဲ့ မီးသတ်ကား အစီး ၃၀ နဲ့ သွားငြှိမ်းပါတယ်၊ ၂း ၅၀ မှာတခြားကို မကူးအောင် ထိန်းနိုင်ခဲ့ပြီး ၃း ၁၅ နာရီမှာငြိမ်းသတ်နိုင်ခဲ့ပါတယ်၊ report ချက်ချင်းတင်ဖို့  ပျက်စီးတန်ဖိုး စစ်တော့ရွှေဆိုင်တွေက အဖိုးတန် ရတနာတွေမ ပါသွားဘူးလို့ ပြောတယ်၊ ဟုတ်စိန်ဆိုင် ကအပေါ်ထပ် လှေကားလက်ရမ်း ပဲလောင်တယ်၊ ကျန်တဲ့ ဆိုင်တွေ တစ်ဆိုင်သိန်းနှစ်ဆယ်နှုန်းနဲ့  အားလုံး ၁၂၅ သိန်းဖိုးခန့် မှန်းရတာပါ” ဟု ၎င်းက ရှင်းပြသည်။
ဈေးလမ်းမများ ရှင်းလင်းနေချိန်ဖြစ်၍ ကားအဝင်အထွက် လွယ်ကူခြင်း၊မီသတ်အင်အား လုံလောက်ခြင်း၊ အချိန်မီသတင်းရပြီး အုပ်စီးနိုင်ခြင်းတို့ကြောင့် ဆုံး ရှုံးပျက်စီးမှု နည်းရခြင်းဖြစ်သည်ဆို၏။သို့ ရာတွင် မည်သည့်ဆိုင်က မည်သို့  စလောင်သည်ကိုမူ ဖြစ်နိုင်ခြေ ရှိသည့်ဆိုင်သုံးဆိုင်ဖြစ်သော ငွေပဒေသာ အရုပ် ဆိုင်၊ ဦးသာရ ရွှေဆိုင် နှင့်ပွင့်ဖြူ အထည်ဆိုင်တို့ နှင့် အခြား သက်သေအထောက်အထားများ ဖော်ထုတ်စစ်ဆေးနေဆဲ ဖြစ်သည်
No comments:
Post a Comment