ကိုတိုးကြီး
ယင်းမာပင်မြို့နယ်၊ မောက်သရက်ကျေးရွာရှိ မြေဖြူတူးဖော်ထုတ်လုပ်ရေးစခန်းဆိုင်းဘုတ်တွင် ပြည်ထောင်စု တမ္မသမြန်မာနိုင်ငံတော်ဟူ၍ စာလုံးပေါင်းမှားယွင်း ဖော်ပြထားသည်ကို အမြန်ဆုံးပြင်ဆင်ရန် ညွှန်ကြား ထားသည်ဟု စစ်ကိုင်းတိုင်း၊ အစိုးရအဖွဲ့ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီး ဦးသန်းထိုက်က မဇ္ဈိမကို ပြောသည်။
အဆိုပါ ဆိုင်းဘုတ်တွင် “ပြည်ထောင်စု တမ္မသမြန်မာနိုင်ငံတော်၊ အမှတ်(၃)၊ သတ္တုတွင်းနှင့် ပြည့်ကုဋေ ကုန်ထုတ်ဖြန့်ချိ ကုမ္ပဏီလီမိတက်တို့၏ အကျိုးတူမြေဖြူတူးဖော်ထုတ်လုပ်ရေးစခန်း”ဟု ရေးသားထားသည်။
“အဲဒီဆိုင်းဘုတ်က မကြာသေးမီရက်ပိုင်းက စိုက်ထူသွားတာပါ”ဟု မောက်သရက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦး တင်ထွန်းက ပြောသည်။ဝန်ကြီးက မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ သစ်တောရုံးလမ်းနှင့် ဘူတာလမ်းဆုံရှိ အမှတ် (၃)၊ သတ္တုတွင်းဌာနသို့ ယင်းကိစ္စပြန်လည်စိစစ်တင်ပြရန် ညွှန်ကြားထားသည်ဟုဆိုသည်။

No comments:
Post a Comment