အောင်စိုး
ခရီးသွား လုပ်ငန်းရှင်များနှင့် တိုးရစ်များ စိတ်ဝင်စားမှုနှုန်းမြင့်တက်လာသည့် ရခိုင်ဒေသတွင် ခရီးသွားလုပ်ငန်းများ ပိုမိုချောမွေ့လာစေရန် အထက်မြန်မာပြည်ဒေသများကဲ့သို့ ရခိုင်ဒေသတွင်လည်း ဧည့်လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ရန်လိုအပ်ကြောင်းသိရသည်။
ခရီသွားဧည့်သည် အများစုစိတ်ဝင်စားကြသည့် မြောက်ဦးမြို့နယ်တွင် တည်းခိုခန်းများနှင့် ဟိုတယ်များအားစစ်ဆေးခြင်း၊ စည်းကမ်းသတ်မှတ်ခြင်းများ ပြုလုပ်နေကြသော်လည်း အလွတ်တမ်းတိုးရစ်ဂိုက်များကိုမူစနစ်တကျ သင်ကြားလေ့ကျင်ပေးခြင်းများ မရှိသေးဟု မြောက်ဦးဒေသခံ ကိုဝင်းစိုးကဆိုသည်။
" တည်းခိုခန်း၊ ဟော်တယ်တွေကိုစစ်ဆေးတယ်။ ခရီးသွားတွေ သွားလေ့လာတတ်တဲ့ နန်းရာကုန်းကိုတော့ စနစ်တကျမထားကြဘူး မဟုတ်တာတွေကို ချုံတွေထဲမှာ ဒီအတိုင်း တွေ့မြင်ရတယ် "
ရခိုင်ဒေသတွင် ခရီးသွားလုပ်ငန်း ဒေသများအဖြစ် မြောက်ဦးနှင့် သံတွဲ ဒေသတို့ကို အားထားပြည်ပ ဧည့်သည်များ စိတ်ဝင်စားမှုတွင်ဆွဲဆောင်စရာကောင်းသည့် ဒေသများဖြစ်ကြောင်းသိရှိရသည်။
၂၀၁၅ မတိုင်မီ ဟိုတယ်ဇုန်စီမံကိန်းများအဖြစ် အကောင်ထည်ဖော်မည့် ဒေသတွင် ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ ရခိုင်ဒေသတို့ ပါဝင်ပြီး ၎င်း စီမံကိန်း မစတင်မီ ဧည်လမ်းညွှန် သင်တန်းများအား ဖွင့်လှစ်သင့်ကြောင်း မြောက်ဦးမြို့ ဟိုတယ်ဖွင့်လှစ်ထားသည့် တာဝန်ရှိသူတစ်ဦးကဆိုသည်။
၂၀၁၃ စာရင်းများအရ ရခိုင်ပြည်နယ်တွင် ဟိုတယ် ၃၁ လုံး၊မိုတယ် ၃ လုံးနှင့် တည်းခိုခန်း ၉၄ ခု ရှိကြောင်းသိရှိရသည်။

No comments:
Post a Comment