ရေခဲ(ပြည်)
ပဲခူးတိုင်း ပြည်မြို့တွင် ကျားနှစ်ကောင် အရက်ချက်စက်ရုံ ဖွဲဂိုဒေါင် တစ်ခု မီးလောင်မှု စက်တင်ဘာ ၉ရက် နံနက် ၁နာရီက ဖြစ်ပွားခဲ့သည်ဟု ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဝင်းညွန့်ကပြောသည်။
“ ဖွဲဂိုဒေါင်မီးလောင်တာ။ ဘာမှတော့ ပါမသွားပါဘူး။ ဖွဲတွေပဲလောင်သွားတာ” ဟု ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဝင်းညွန့်ကဆိုသည်။
ထိုနေ့မနက် ၁နာရီက ပြည်မြို့ ပြည်သာယာရပ်ကွက် တာဂွရပ် ဘိုးဘွားရိပ်သာလမ်းရှိ ကျားနှစ်ကောင် အရက်ချက် စက်ရုံရှိ (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) အလျား ၁၉ ပေ အနံ ၃၂ ပေ အမြင့် ၈ ပေ ဖွဲဂိုဒေါင် အဆောက်အဦးအတွင်း ဖွဲပုံမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် တစ်သောင်းဝန်းကျင်ရှိကာ အခြားနေရာများကို ကူးဆက်လောင်ကျွမ်းခြင်း မရှိဟုဆိုသည်။
မီးလောင်မှုကြောင့် ကျားနှစ်ကောင် အရက်ချက်စက်ရုံ မန်နေဂျာကို မီးပေါ့ဆမှုဖြင့် အရေးယူရန် ပြည်ခရိုင်မီးသတ်ဦးစီးမှူးက အမှတ်(၃) ရဲစခန်းတွင် တရားလိုပြု တိုင်တန်း၍ (ပ) ၁၉၉ / ၂၀၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ၂၈၅ ဖြင့် အရေးယူလျက်ရှိသည်။
No comments:
Post a Comment