ခင်မြတ်မြတ်ဝေ
ရန်ကုန်မြို့နေ လူဦးရေနှင့် ရဲအင်အား မမျှတဟုဆို
ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခု၌ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အများဆုံးရှိသည့် လှိုင်သာယာမြို့နယ်တွင် မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု ပြည်ထဲရေးရုံး (ရန်ကင်း)မှ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး ချစ်ဦးက စက်တင်ဘာ ၁၇ ရက်က အလုပ်သမား ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လှိုင်သာယာမြို့နယ်သည် လူဦးရေ ထူထပ်များပြားခြင်း၊ လက်လုပ်လက်စားများခြင်း၊ စက်မှုဇုန်များရှိခြင်း စသည့် အကြောင်းများကြောင့် မှုခင်းများပြားရခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် ရန်ကုန်မြို့တွင် ရှိသည့် လူဦးရေ ပမာဏနှင့် ရဲဝန်ထမ်း ပမာဏ အချိုးမညီမျှခြင်းကလည်း မှုခင်းများပြားရခြင်း၏ အကြောင်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်မြို့တွင် နောက်ဆုံးကောက်ခံထားသည့် လူဦးရေ စာရင်းအရ လူဦးရေ ၇ သန်းကျော်ရှိသည်။
လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမြင့်ဦးက "လှိုင်သာယာမှာက ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူလေးထောင်လောက် အချိုး စောင့်ရှောက်နေရတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံး အနေနဲ့ကတော့ လူအင်းအား နှစ်ထောင်ကို ရဲဝန်ထမ်းတစ်ဦး စောင့်ရှောက်ရတယ်။ ရဲတပ်ဖွဲ့ဝင်အင်းအားနဲ့ ပြည်သူအင်းအားကို အချိုးပေါ့။" ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုး ဦးသန်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားခံပြေး တစ်သောင်းနှစ်ထောင်ရှိသည့်အနက် ရန်ကုန်မြို့တွင် အများဆုံးဖြစ်သည်ဟုလည်း ပြည်ထဲရေးရုံး (ရန်ကင်း) မှ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး ချစ်ဦးက ပြောသည်။
"အဲဒီတော့ ဆိုးသွမ်းတဲ့ အင်းအားနဲ့ ထိန်းတဲ့ အင်းအားကမမျှဘူး" ဟု ရဲမှူးကြီးချစ်ဦးက ပြောသည်။
မှုခင်းများဖြစ်ပွားချိန်တွင် လုံခြုံရေးဝန်ထမ်းများ အချိန်မှီရောက်မလာခြင်းနှင့် ပတ်သက်၍လည်း ရဲမှူးကြီးက "တစ်ချို့နေရာတွေဆို ရဲကားမှန်းမသိဘဲဝိုင်းတားပြီး ငွေတောင်းဖို့လုပ်တာ ရဲမှန်သိလို့ ထွက်ပြေးတာတောင် ရှိတယ်။ ဆိုလိုတဲ့သဘောက မနိုင်းမနင်းဖြစ်နေပါသေးတယ်။ မကြာခင်မှာ သူများနိုင်ငံလို ရဲအင်းအား သုံးသိန်းမျိုး၊ လေးသိန်းမျိုး ဖြစ်ရင်လူအင်းအား ၄၀၀ မှာ ရဲအင်းအား တစ်ယောက်ဆို ကောင်းကောင်း အုပ်ချုပ်နိုင်ပါတယ်" ဟု ပြောသည်။
၂၀၁၄ ခုနှစ်တွင် ဇန်နဝါရီလမှ သြဂုတ်လအထိ လူသတ်မှု ၂၅ မှု၊ လုယက်မှု ၂ မှု၊ မုဒိမ်းမှု ၁၂ မှု၊ မော်တော်ဆိုင်ကယ် ၁မှု၊ ခါးပိုတ်နှိုက် ၂ မှု၊ ခိုးမှု ရိုးရိုး ၂၀ မှု၊ ခိုးမှု (၃၈၂) တွင် ၅ မှု၊ ရိုးရိုးနာကျင်မှု ၂၂၂၊ ဓါးကိုင်၊ ယာဉ်နာကျင်စေမှု ၁၁၈ မှု၊ ကျန်အခြားမှု ၃၉၆မှု၊ ခြေချုပ်ခံဝန်ထိုး အမှုပေါင်း၃၀၊ ရစ်မျိုးမှု ၁၄၇မှု၊ မှုယစ်ဆေးဝါး၆မှု၊ ခိုးရာပါပ စ္စည်းပါသင်္ကာမှု ၂၇၈ မှု၊ ပြည့်တန်ဆာမှု ၁၄၇ မှု၊ မှုခင်းမဖြစ်အောင် ကြိုတင်ကာကွယ်မှု ၃၂ မှု၊ အလောင်ကစားမှု ၆၄ မှု ၊ ရဲအပ် ဥပဒေ အရေးယူမှု ၄၇၀ မှု၊ ရစ်မျိုးလိုင်စင်မရှိဘဲ တရားမဝင်ရောင်းချမှု ၁၄၂ မှု၊ ဆင်ဆာမဲ့ လက်နက်ပုန်း ၆၂ မှု၊ ဗွီဒီယိုဆင်ဆာမဲ့ ၃၉ မှု အမှုစုစုပေါင်း ၁၂၄၅ မှု ဖမ်းဆီအရေးယူထားပါသည်။
No comments:
Post a Comment