Sunday, September 7, 2014

စက်သုံးဆီဆိုင်များ၏ နေ့စဉ်ရောင်းချမှုပမာဏသိရန် နည်းပညာသုံးစက်ကိရိယာများ တပ်ဆင်အသုံးပြုမည်

သီဟကိုကို

စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချရမှုကို သိရှိနိုင်ရန် အီလက်ထရွန်း နစ်နည်းပညာသုံး စက်ကိရိယာအသုံးပြု တပ်ဆင်ကာ စိစစ်ဆောင်ရွက်သွား မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်း ဆိုင်များတွင် ရောင်းချနေသည့် ဓာတ်ဆီ၊ ဒီဇယ် ဆီများ၏ နေ့စဉ် ရောင်းချ ရမှုပမာဏကို သိရှိနိုင်ရေး အတွက်အီ လက်ထရွန်းနစ် နည်းပညာသုံး စက်ကိရိယာများကို ၀ယ်ယူ သွားရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

စက်သုံးဆီများကို တရားမ၀င်တင်သွင်း ရောင်းချမှုများရှိသည့် သတင်းများကြောင့် အခွန်ကောက်ခံမှု စိစစ် ကြပ်မတ်ရေးဘုတ်အဖွဲ့နှင့် စက်သုံးဆီလုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး စက်သုံးဆီတရားမ၀င် တင်သွင်းရောင်းချမှုများကို ပူးပေါင်းကြပ်မတ်သွားမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိ သူများ က ပြောဆိုပြီးနောက်တွင် နေ့စဉ်ရောင်းချရမှုများကို အီလက်ထရွန်းနစ်စက်ကိရိယာများ တပ်ဆင်စိစစ် သွားရန် စီစဉ်ဆောင်ရွက်လာခြင်း ဖြစ်သည်။

အီလက်ထရွန်းနစ်နည်းပညာသုံး စက်ကိရိယာများ ၀ယ်ယူတပ်ဆင်အသုံးပြုနိုင် မည့်လုပ်ငန်းအစီအစဉ် အတွက် နည်းပညာသုံးစက်ကိရိယာများ (သို့မဟုတ်) ယင်း လုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက် လို သော စိတ်ဝင်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို စက်တင်ဘာ ၄ ရက်မှ စတင်ကာ ဖိတ်ခေါ်ထားသည်။

၂၀၁၀ ပြည့်နှစ်တွင် ပုဂ္ဂလိကစက်သုံးဆီ ရောင်းချခွင့်ကို စတင်ခွင့်ပြုပေးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းအထိ စက်သုံးဆီကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ ဓာတ်ဆီ ဂါလန် သန်း ၁၆၀ကျော် နှင့် ဒီဇယ်ဆီ ဂါလန် ၁,၀၇၁ သန်းကျော် တင်သွင်းရောင်းချခဲ့ပြီးဖြစ်သည်။

၂၀၁၄ ခုနှစ် မေလအထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကစက် သုံးဆီဆိုင်ပေါင်း ၁,၂၃၈ ဆိုင် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး စက်သုံးဆီဆိုင်များနှင့် သိုလှောင်ကန်များ ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များက လည်း လုပ်ကိုင်သွားနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါများဆက်လက်ဖိတ်ခေါ်ထားသည်။

No comments: