Sunday, September 7, 2014

ဒု-သမ္မတ၏ ရခိုင်ခရီးစဉ် ပြည်နယ်အမတ်များဝေဖန်

ကေဇူး

ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် စက်တင်ဘာ ၃ ရက်က ရခိုင်ပြည်နယ်ခရီးစဉ်တွင် မြို့နယ်အ များစုကိုရောက်ရှိခဲ့သော်လည်း ဒေသခံ များ၏တင်ပြ ချက်များကို နားထောင်ခြင်းမပြုခဲ့ဟုမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များက မဇ္ဈိမကိုပြောသည်။

ဒု-သမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ရခိုင်ပြည်နယ် တည်ငြိမ်းအေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့စ တင်ရောက်ရှိသည့်ရက်တွင် စစ်တွေ၌ မြို့မိမြို့ဖများ၊ နိုင် ငံတကာအကူအညီပေးရေးအဖွဲ့များဖြင့် အရေးပေါ်နှိမ်နင်းရေး ECC ရုံးတွင်တွေ့ဆုံခဲ့သည်။

“လူထုနဲ့ မြို့မိမြို့ဖတွေကတင်ပြစရာတွေရှိလို့ မြို့နယ်ခန်းမမှာ အခမ်းအနားနဲ့ မနက်ကပဲစောင့်နေတယ်။ ဒုသမ္မတကြီးက အချိန်မပေးခဲ့ဘူး” ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြော သည်။

ရခိုင်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုမှာ ၃၈ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအဆင်း ရဲဆုံး ပြည်နယ်တစ် ခုဖြစ်နေသော်လည်း အစိုးရသက်တမ်းတွင် ၁၉ရာ ခိုင်နှုန်းထိတိုးတက်စေရန် အစိုးရအဖွဲ့က ဆောင်ရွက် မည်ဟုဆိုသည်။

စစ်တွေမြို့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် “ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲ နွမ်းပါးမှုကို တစ်ဝက်လျော့ကျ အောင်အစိုးရအဖွဲ့က ကြိုးပမ်းမယ်လို့ ပြောသွား တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ် ကျော်က ဆိုသည်။

ဒု-သမ္မတသည် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် ကျောက်ဖြူမြို့များကို ရောက်ရှိခဲ့သေးသည်။ မြောက်ဦး မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က “မြောက်ဦးမှာ ဘုရားဖူးပြီးပြန်သွားတာပဲ၊ ကျွန်တော်တို့ဘက်က ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပတ်သက်ပြီး တင်ပြဖို့စောင့်နေပေမယ့် တင်ပြခွင့် မပေးခဲ့ဘူး” ဟု မဇ္ဈိမကိုပြောသည်။

ဒု-သမ္မတသည် စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ ရုံးခန်းတွင်သာ ဒေသခံများနိုင်ငံတကာ အကူညီပေး ရေးအဖွဲ့များနှင့် အချိန်ပေးဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကျန် မြို့နယ်များသို့သွားရောက်သော်လည်း ဒေသခံ များနှင့် တွေ့ဆုံခြင်းမရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ဒု-သမ္မတ၏ တတိယနေ့ခရီးစဉ်တွင် ကျောက်ဖြူမြို့သို့ရောက်ရှိခဲ့သည်။“မကြာခင်က ရွှံ့မီးတောင်ကြောင့် ပျက်စီးတဲ့လယ်ယာကိစ္စ၊ အထူးစီးပွားရေးဇုန် ကိစ္စ နဲ့ဒေသခံတွေ အခက်အခဲတွေကိုတင်ပြ ဖို့ရှိပေမယ့် ဟိုကြည့်ဒီကြည့်လုပ်ပြီးပြန်သွားတယ်”ဟု ကျောက်ဖြူ လူမှုဒေသဖွံ့ဖြိုးရေးအဖွဲ့ကဦးထွန်းထွန်းနိုင်က ပြော သည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် ရခိုင်ပြည်နယ်သို့ သုံးရက်ကြာရောက်ရှိခဲ့ပြီး တရားဥပဒေစိုးမိုးရေး အခြေအနေများကို လေ့လာခဲ့ခြင်းဖြစ်သည် ဟု နိုင်ငံပိုင်သ တင်းဌာနများက ဆိုသည်။ ထိုခရီးစဉ်တွင် စစ်တွေဒေ သခံများက နယ်စပ်ကျေးရွာများတွင် လုံခြုံရေးတိုးမြှင့်ရန် ဒု-သမ္မတထံ တောင်းဆိုခဲ့ကြသေးသည်။

No comments: