Tuesday, September 9, 2014

ပါတီကြီးနှစ်ခု အငြင်းမပွားမည့် ရွေးကောက်ပွဲစနစ် လွှတ်တော်သို့ တင်မည်

စိုးသန်းလင်း၊ ဟိန်းကိုစိုး

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က ပြည်သူ့ လွှတ်တော်သို့တင်ပြမည့် အစီရင်ခံစာတွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အငြင်းပွားမှုအနည်း ဆုံးဖြစ်မည့် ရွေးကောက်ပွဲစနစ်များကို ဦးစားပေးအဆင့် ဆင့်ဖြင့်တင်ပြမည်ဟု ကော်မရှင်ဥက္ကဋ္ဌက မဇ်္ဈိမကို ပြောသည်။

“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မထိခိုက်၊ ပါတီကြီးနှစ်ခုအငြင်းပွားမှုကိုလည်းမဖြစ်စေမယ့်၊ တိုင်းရင်းသားတွေလည်းအကျိုးရှိ၊ တပ်မတော်ရဲ့အခန်း ကဏ္ဍလည်း မပျောက်စေတဲ့စနစ်မျိုးတွေကို ဦးစား ပေးအဆင့်ဆင့်နဲ့ အစီရင်ခံစာတင်မှာပါ”ဟု ဦးတင်မောင်ဦးက ပြောသည်။

ယနေ့ပြုလုပ်သော မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်၏ ၁၀ ရက်မြောက်နေ့ အစည်းအဝေး သို့ သုတေသီစာရေးဆရာ ဦးကျော်ဝင်းတက်ရောက်ပြီး မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်းကြောင်းနှင့် PR စနစ်ကျင့်သုံးပါက ဖြစ်လာနိုင်ခြေများကိုအကျယ်တ ၀င့် ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားချက်များကို ရည်ညွှန်း၍ ၎င်းကပြန်ပြောခြင်းဖြစ်သည်။

လာမည့် ဗုဒ္ဓဟူးနေ့ အစည်း အဝေးတွင် ကော်မရှင်အဖွဲ့ဝင်တစ် ဦးစီထံမှ အကြံပြု ချက်အနှစ် ချုပ်နှင့်အတူ ရွေးကောက်ပွဲစနစ် ဒီဇိုင်းပုံစံ များရယူကာ ၎င်း၂၄စုံ တို့မှ တူရာတူရာကိုပေါင်းစပ်ရန် စီစဉ်မည်ဟု ကော်မ ရှင်ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ကော်မရှင်၏ အစီရင်ခံစာအပေါ်လွှတ်တော်က အပြန်အလှန်ဆွေးနွေးကြဦးမည်ဖြစ်ပြီး ရွေး ကောက်ပွဲစနစ်သစ်တစ်ခု လွှတ်တော်ကပြဋ္ဌာန်းနိုင်ရေး အတွက်အချိန်ကန့် သတ်မထားကြောင်း၊ ကြား ဖြတ်ရွေးကောက်ပွဲကိုမီရန် ရည်ရွယ်ခြင်းလည်းမရှိသကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲမီရေးအတွက်ကြိုးပမ်း နေခြ င်းလည်းမဟုတ်ဘဲ အနာဂတ် နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နေကြခြင်းသာဖြစ် ကြောင်း လည်း၎င်းက ပြောသည်။

အစီရင်ခံစာကိုစက်တင်ဘာ၁၅ရက်တွင် ပြည်သူ့လွှတ်တော်သို့တင်ပြသွားမည်ဟု မြန်မာနိုင်ငံနှင့်သင့် လျော်သည့်ရွေးကောက်ပွဲစနစ်တစ်ရပ်ဖြစ်ပေါ် ရေး လေ့ လာသုံးသပ်ရေးကော်မရှင် တွဲဖက်အတွင်းရေးမှူး တောင်တွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသန်းဝင်းက ပြောသည်။

“အစည်းအဝေး၁၅ရက်အတွင်းမှာ ပြည်ပကပညာရှင်တွေအဖွဲ့တွေ ပြည်တွင်းပညာရှင်တွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ဆွေးနွေးထားတာထဲကသုံးသပ်ချက်တွေ အပြင် စနစ်နှစ်မျိုးအပေါ်မှာ ကော်မရှင်တစ်ဦး ချင်းစီရဲ့အမြင်တွေကိုပါတွဲပြီးတင်ပြသွားမှာ”ဟု ဦးသန်းဝင်းက ဆိုသည်။

ကော်မရှင်၏ အစည်းအဝေးကို သြဂုတ်လ ၁၉ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှစ်ဦး၊စက် တင်ဘာ ၄ ရက်၊ ၅ ရက်တွင် အမေရိ ကန်အခြေ စိုက်NDI(National Demo-cratic Institute) ဆွီဒင်အခြေစိုက် IDEA (International Institute for Democracy and Electoral Assistance) နှင့် ဂျာမနီ အခြေ စိုက် Hanns Seidel Foundation တို့နှင့် ဆွေးနွေးခဲ့ကြသည်။၂၄ ဦးပါဝင်သည့်ယင်းကော်မရှင် ကိုပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးက ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။

No comments: