Wednesday, September 24, 2014

မြန်မာဂျာနယ် နှစ်ခုကို အစိုးရ တရားစွဲမယ်

ABC

မြန်မာသံတော်ဆင့် ​ဂျာနယ်နဲ့ ​Daily ​Eleven ​ကို ​မြန်မာပြန်ကြားရေး ​ဝန်ကြီးဌာနက ​တရားစွဲဆိုသွားမယ်လို့ ​သိရပါတယ်။

မြန်မာသံတော်ဆင့် ​ဂျာနယ်ကနေ ​အရင်လတုန်းက ​ဖော်ပြခဲ့တဲ့ ​အကြောင်းအရာတစ်ခုမှာ ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​ဂုဏ်သိက္ခာကို ​ထိခိုက်စေမယ့် ​အရေးအသားမျိုးတွေ ​ပါဝင်တယ်ဆိုပြီး ​တရားစွဲဆိုမှာ ​ဖြစ်သလို ​Daily ​Eleven ​ဂျာနယ်ကလည်း ​ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ​ပုံနှိပ်စက် ​ဝယ်ယူရာမှာ ​ဈေးနှုန်း ​ပိုပြောတယ် ​ဆိုတဲ့ ​အရေးအသား ​တွေအပေါ် ​တရားစွဲဆိုမှာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရကနေ ​ယာယီ ​စာနယ်ဇင်းကောင်စီကနေ ​တဆင့် ​ဂျာနယ်မှာ ​ပါတဲ့ ​အရေးအသားတွေကို ​ပြင်ပေးဖို့ ​ပြောလာပေမယ့် ​ဂျာနယ်တွေက ​ပြင်မပေးတာကြောင့် ​တရားစွဲဆိုဖို့အထိ ​ဖြစ်လာတာလို့ ​ပြန်ကြားရေးဝန်ကြီးလည်းဖြစ် ​သမ္မတရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ်လည်း ​ဖြစ်တဲ့ ​ဝန်ကြီး ​ဦးရဲထွဋ်က ​အင်္ဂါနေ့တုန်းက ​ဧရာဝတီသတင်းဌာနကို ​ပြောပါတယ်။

Eleven ​ဂျာနယ် ​ကတော့ ​သူတို့ရရှိတဲ့ ​အချက်အလက်နဲ့ ​သက်သေတွေအပေါ် ​အခြေခံပြီး ​ရေးထားတာဖြစ်လို့ ​အမှားလုပ်မိတယ်လို့ ​မခံစားရကြောင်း၊ ​ဥပဒေကြောင်းအရ ​ရင်ဆိုင်သွားမှာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

မြန်မာသံတော်ဆင့် ​ဂျာနယ်ကလည်း ​ကောင်းမွန်စွာ ​ဖြေရှင်းဖို့ ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရှိဘူးလို့ ​ဧရာဝတီကို ​ဖြေကြားခဲ့ပါတယ်။

No comments: