Wednesday, September 24, 2014

အပစ်ရပ်ညှိနှိုင်းရေး အစည်းအဝေး အဆင်မပြေဟုဆိုကာ အချိန်စော၍ ရပ်နား

နန်းလွင်နှင်းပွင့်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ်ရပ်မူကြမ်းအတွက် ဆဋ္ဌမအကြိမ်မြောက်ဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာ ၂၃ရက်တွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနေပြီး ညနေ ၃ နာရီ၌ အစည်းအဝေးကို စော၍ ရပ်နားလိုက်သည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

အစည်းအဝေးမှာ အဆင်မပြေ၍ စော၍ ရပ်နားခြင်းဖြစ်ပြီး နောက်ရက်များတွင်တော့ ဆက်လက်ဆွေးနွေးမည်ဟု နိုင်ဟံသာက ဆိုသည်။ သို့သော် မည်သည့် အချက်များ ဆွေးနွေးနေစဉ် အဆင်မပြေဖြစ်သည်၊ မည်ကဲ့သို့ အဆင်မပြေဖြစ်သည်ကိုမူ နိုင်ဟံသာက ထုတ်ဖော်ပြောမသွားပေ။

ယနေ့ (စက်တင်ဘာ ၂၃ရက်) ဒုတိယနေ့ ဆွေးနွေးပွဲတွင် အခန်း ၃ နှင့် အခန်း ၄ ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် အပစ်ရပ်ရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးနေခြင်း ဖြစ်သည်။

No comments: