ဖြိုးဝေလင်း
ပါရမီလမ်းပေါ်တွင် လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ် တစ်စီးအရှိန်လွန်ကာ တိမ်းမှောက်သဖြင့် ဆိုင်ကယ်ပေါ် ပါလူတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး နှစ် ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်က မရမ်းကုန်းမြို့နယ်အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဆိုင်ကယ်သည် ပါရမီလမ်းမအတိုင်း ပြည်လမ်းဘက်မှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ မောင်းနှင်လာစဉ် ကပစ(၄)တပ်ဝင်း ရှေ့သို့အရောက်တွင်အရှိန် မထိန်းနိုင်ဘဲ ယာဘက်လမ်းစပ်ရှိ ပလက်ဖောင်းနှင့် အုတ်နံရံကို တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင်စီးနင်း လာသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၏ မျက်နှာတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်မောင်းနှင် သူအမျိုးသားနှင့် ကျန်အမျိုးသား တစ်ဦးတွင်လည်း ဒဏ်ရာပြင်း ထန်စွာရ ရှိခဲ့သဖြင့် ရန်ကုန် ဆေးရုံကြီး သို့ပို့ဆောင် ထားပြီး အသက် အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဆိုင်ကယ်ယာဉ်မောင်းကို မရမ်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ)၃၀၄ က/၃၃၈ /၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်မစီးရ သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့ တွင်းရှိရပ်ကွက်အများစုတွင် ဆိုင်ကယ်စီးနင်းမှု များရှိနေပြီး ၂၀၁၃ ခုနှစ်အတွင်း ဆိုင်ကယ်မတော်တစ်ဆအမှု ပေါင်း ၁၇၅ ဖြစ်ပွားကာ ၃၃ ဦးသေဆုံးခဲ့သည်။
No comments:
Post a Comment