စိုးသန်းလင်း
ရွေးကောက်ပွဲစနစ် ကော်မရှင် ရက်ရှည်အစည်းအဝေး ဒုတိယသီတင်းပတ်ဖြစ်သည့် စက်တင်ဘာ ၁ရက်က ကျင်းပသည့် အစည်းအဝေးသို့ ဝန်ကြီးဌာန နှစ်ခု စတင်တက်ရောက်ခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက မဇ္ဈိမကို ပြောသည်။
“ကော်မရှင်က မဲဖြစ်မနေတွေ့ ရမယ့်အဖွဲ့  ၁၁ ဖွဲ့ ရှိတယ်၊ ဒီနေ့ အစည်းအဝေးကို ဝန်ကြီးဌာန နှစ်ခု စတက်တယ်၊ စီမံစီးပွားအောက်က အမျိုးသား မော်ကွန်းတိုက် နဲ့  ပြည်ထဲရေးဝန်ကြီးဌာနတို့ပါ၊ မနက်ဖြန်မှာ လ ဝ က ဝန်ကြီးဌာနလာမယ်၊ နောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်တို့ လာမယ်၊ IDE တို့ လို ပြည်ပပညာရှင်အဖွဲ့ တွေလည်း ဆက်တွေ့ သွားမယ်” ဟု ရွှေပြည်သာအမတ် ဦးတင်မောင်ဦးက ပြောသည်။
ကော်မရှင်က တွေ့ ရမည့် ၁၁ ဖွဲ့ တွင် ဥပဒေပြုအဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့ များအပြင် မီဒီယာများပါ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ စနစ်များကို ထိန်းသိမ်းထားသည့် အမျိုးသားမော်ကွန်းတိုက်နှင့် လာမည့်ရွေးကောက်ပွဲ ကာလများအတွက် မြို့နယ် ခရိုင်အလိုက် အချက်အလက်များရရှိရန် ပြည်ထဲရေးကိုပါ အစည်းအဝေးသို့  ဖိတ်ကြားခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့ ပြင် နိုင်ငံနှင့် သင့်လျော်သော ရွေးကောက်ပွဲစနစ် ပေါ်ပေါက်ရန် ကော်မရှင်က လေ့လာသုံးသပ်နေခြင်းမှာ အများပူပန်နေသည့် အပြင်မှာပြောနေကြသည့် PR စနစ်ကို ဦးတည် ရွေးချယ်နေခြင်း မဟုတ်ဘဲ နိုင်ငံတကာက ကျင့်သုံးနေသည့် ရွေးကောက်ပွဲနည်းစနစ်များ၏ အားသာချက်များမှ မြန်မာနိုင်ငံနှင့် လိုက်ဖက်ပြီး တိုင်းရင်းသားများကိုလည်း အမှန်တကယ်ဖွံဖြိုး စေနိုင်သည့် စနစ်မျိုးကို ရွေးသွားမည်ဟုလည်း သူက ရှင်းပြသည်။
“လက်ရှိမှာ တိုင်းရင်းသားတွေ မဖွံ့ ဖြိုးသေးတာတွေ့ ရတယ်၊ ဒါဟာ (ပြီးခဲ့တဲ့) ရွေးကောက်ပွဲစနစ်ရဲ့ အားနည်းချက်ကြောင့်လား ဆိုတာ ကြည့်ရမယ်၊ မဏ္ဍိုင်အားလုံးသည် ရွေးကောက်ပွဲစနစ်အပေါ်မှာ အခြေခံတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲစနစ်ကို ရှာရာမှာ အပြင်မှာပြောနေကြသလို PRကိုပဲ မဟုတ်ပါဘူး” ဟု ၎င်းက ဖြည်စွက်ပြောခဲ့သည်။
No comments:
Post a Comment