ABC
Miss Asia Pacific World အလှမယ်သရဖူဆု အသိမ်းခံရတဲ့ မေမြတ်နိုးက တောင်ကိုးရီးယား နိုင်ငံက အလှမယ်ပွဲ ဖြစ်မြောက်ရေး သမားတွေ သူ့ကို တောင်းပန်မှသာ သရဖူး ပြန်လည် အပ်နှံမယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် တဖက်က စွပ်စွဲထားသလို သူ့အနေနဲ့ ရင်သား ခွဲစိတ်မှု ခံယူထားခြင်း မရှိဘူးလို့ ပြောပါတယ်။
မေမြတ်နိုးဟာ အသက် ၁၆ နှစ်သာရှိပြီး Korea K-pop star ဖြစ်ဖို့ တောင် ကိုးရီးယား နိုင်ငံကို နောက် တကြိမ် အသွားမှာ Miss Asia Pacific World အလှမယ် ပြိုင်ပွဲ စီစဉ် သူတွေ နဲ့ ပြဿနာ ဖြစ်ပြီး ရရှိခဲ့တဲ့ သရဖူနဲ့အတူ မြန်မာ နိုင်ငံကို ပြန်လာ ခဲ့တာပါ။
အလှမယ်ပွဲ စီစဉ်သူတွေ ဘက်ကတော့ မေမြတ်နိုးဟာ ဒေါ်လာ တစ်သောင်းတန်တဲ့ ရင်သားခွဲစိတ်မှုနဲ့အတူ သရဖူကိုပါ ယူပြီး ထွက်ပြေးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စအပေါ် မြေမြတ်နိုးက ငြင်းဆိုလိုက်ပြီး သူ့ကို sponsor တွေရအောင် စီးပွားရှင်တွေကို အဖော်ပြုဖို့ ပြောဆိုမှုတွေ ရှိခဲ့တဲ့အတွက် တောင်ကိုးရီးယား ဘက်က မြန်မာကို တောင်းပန်မှသာ သရဖူပြန်အပ်နှင်းမယ်လို့ ပြောပါတယ်။
သူ့ကို ခေါင်းကနေ ခြေအထိ ခွဲစိတ်ကုသမှု ခံယူဖို့ ဖိအားပေးမှုတွေ ခံခဲ့ရပေမယ့် သူ့အနေနဲ့ ဘာမှ မခံယူခဲ့ဘူးလို့ မေမြတ်နိုးက ပြောပါတယ်။
သရဖူကို ခိုးယူတာမဟုတ်ပဲ သရဖူသိမ်းမယ်ဆိုတာ မသိရခင်ကတည်းက လေယာဉ်ပေါ် ရောက်ရှိနေတာလို့ ပြောပါတယ်။
Miss Asia Pacific World တည်ထောင်သူ Young Choi ကတော့ မေမြတ်နိုးအနေနဲ့ ရင်သားခွဲစိတ်မှု ခံယူခဲ့တယ်ဆိုတဲ့ ဓာတ်ပုံအထောက်အထားတွေ သူတို့မှာ ရှိနေပြီး မေမြတ်နိုးအပေါ် တရားစွဲဆိုမှုတွေ လုပ်ဖို့ စဉ်းစားသွားမယ်လို့လည်း တုန့်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မေမြတ်နိုးပြောခဲ့တာတွေက မဟုတ်မမှန်ကြောင်း၊ တောင်းပန်မှု လုပ်ရမှာက သူတို့မဟုတ်ပဲ မေမြတ်နိုးသာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။
မြန်မာနဲ့ ကိုးရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထောက်ပြီး ဒီကိစ္စကို ငြင်သာစွာ ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပူးပေါင်းမှုမရှိရင် ဥပဒေအရ ရင်ဆိုင်သွားမယ်လို့လည်း ပြောပါတယ်။

No comments:
Post a Comment