ကျော်စွာဝင်း
ရန်ကုန်တိုင်းတစ်တိုင်းလုံး အတိုင်းအတာဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ၂၀၂၇ မှုဖြစ်ပွားခဲ့ပြီး လူ ၃၈၃ ဦးသေဆုံးကာ ၂၉၅၈ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် ဇော်မျိုးနိုင် က ပြောသည်။
၈ လအတွင်း ယာဉ်တိုက်မှုများကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ လေ့လာတွေ့ရှိချက်များအရ စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်တွင် အဖြစ်အများဆုံးဖြစ်ပြီး စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ်များတွင်မူ လေးပုံတစ်ပုံခန့်သာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းတွေ့ရသည်။
"ယာဉ်တိုက်မှုမှာ မိမိယာဉ်ပါဝင်ရင် ကားကိုချက်ခြင်းရပ်ပြီး ထိခိုက်သူကို ကူညီဆောင်ရွက်ပေးရမယ်။ တာဝန်မဲ့စွာအခင်းဖြစ်နေရာက ထွက်ပြေးတာတို့ သတင်းပေးတာတို့ ပျက်ကွက်ရင် တိုက်ပြေးယာဉ်အဖြစ် သတ်မှတ်ပါတယ်။ လိုင်စင်ပိတ်မပိတ်ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်"ဟု ဒုရဲမှူးမျိုးအောင်မြင့်က ဆိုသည်။
မကြာသေးမီကဖြစ်ပွားခဲ့သည့် စမ်းချောင်းမြို့နယ်၊ မဟာမြိုင်တွင် လမ်းဖြတ်ကူးသူကို ယာဉ်ဖြင့်တိုက်ကာ မောင်းပြေးမှုနှင့်ပတ်သက်ပြီး လူကူးမျဉ်းကျားတွင် လူဖြတ်ကူးမည့် အရိပ်အယောင်မြင်တွေ့လျှင် ယာဉ်မောင်းနှင်သူအနေဖြင့် ၁၇ ပေအကွာမှပင် ယာဉ်ကိုအရှိန်လျှော့မောင်းရန်လိုအပ်ပြီး ရန်ကုန်မြို့တွင်း မောင်းနှင်ယာဉ်များအား မိုင် ၃၀ (၄၅ ကီလိုမီတာ)အထိသာ မောင်းနှင်ခွင့်ပေးထားသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ုယာဉ်တိုက်မှုများတွင် သေဆုံးသူများမှာ အသက် ၂၀ နှစ် ၅၆ ဦး၊ ၂၁-၄၀ နှစ်အတွင်း ၁၃၆ ဦး၊ ၄၁ နှစ်အထက် ၆၃ ဦးတို့ဖြစ်ပြီး ဒါဏ်ရာရရှိသူမှာ အသက် ၂၀နှစ် ၃၉၈ ဦး၊ ၂၁-၄၀ နှစ်အတွင်း ၉၆၇၊ ၄၁ နှစ်အထက် ၇၂၆ ဦးရှိခဲ့သည်။
ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည်မှာ အသက် ၂၁-၄၁ နောက်ပိုင်းအရွယ်ရှိ မောင်းနှင်သူများဖြစ်ပြီး စုစုပေါင်း ၁၃၂၆ ဦး ၈ လအတွင်းတွေ့ရှိရသည်။ နေ့ဘက်ယာဉ်တိုက်မှုထက်စာလျှင် ညဘက်ယာဉ်တိုက်မှုမှာ ပိုမိုအဖြစ်များလျှက်ရှိသည်။
No comments:
Post a Comment