ကိုတိုးကြီး
လက်ပံတောင်းတောင်တွင် ကြေးနီထုတ်နေသည့် ဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) အဖွဲ့ဝင် ကျောင်းသူ မဖြူနှင်းထွေးကို စက်တင်ဘာ ၂၃ရက်က စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
မန္တလေး အဝေသင်တက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းသူတစ်ဦးဖြစ်သူ မဖြူနှင်းထွေးကို မေလ ၁၈ ရက်က ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းကျေးရွာဟောင်း ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သည်ဟုဆိုကာ စစ်ဆေးခံနေရသည်။
မဖြူနှင်းထွေးကို စက်တင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက မန္တလေးမြို့၊ ပုသိမ်ကြီး အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းကို ဆားလင်းကြီးမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၄/ ၃၆၈ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
၎င်းကို လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)နှင့် စက်တင်ဘာလအတွင်းပြုလုပ်သည့် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်သူများက တောင်းဆိုထားသည်။
No comments:
Post a Comment