ချန်နယ်နယူးစ်အေးရှ
စုစုပေါင်းလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာလျှင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲ နိုင်သေးသော မြန်မာနိုင်ငံ တွင် ယခုအခါ နိုင်ငံ၏ ပေါကြွယ်ဝလှသော သဘာဝ အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲ နိုင်ရန် မြန်မာအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ နိုင်ငံ၏ဒေသအားလုံးတွင် သဘာဝအရင်းအမြစ်များမှ သန့်ရှင်းသော စွမ်းအင်ထုတ် ယူသုံးစွဲနိုင် ရေးမှာ အစိုးရ၏ လက်ရှိလုပ်ဆောင်မည့် လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်သည်။
နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းနိုင်စွမ်းကို တိုးမြှင့်စေရန် လက်ရှိအသုံးချနိုင်သော မြေဧကများ ပေါ်တွင် နေစွမ်းအင်မှ စွမ်းအင်ထုတ်လုပ်နိုင်မည့်ဆို လာပြားများ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆိုလာပြားကွင်းများမှာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် ပင်မလျှပ်စစ် ဓာတ်အားလိုင်းကွန်ရက် အတွင်း အဓိကလမ်းကြောင်းများ ဖြစ်လာနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ လက်ရှိမှာ ဒီဆိုလာ စနစ်ကနေ ၁၀၀ မဂ္ဂါ၀ပ်နီးပါး ထုတ်ယူနိုင်ဖို့ လေ့လာနေပါတယ်။ လာ မယ့် ၂၀၁၇ ခုနှစ်လောက်ကျရင် ဒီဆိုလာပြား ကွင်းေ တွကနေ စွမ်းအင်တွေ ထုတ်လုပ်သွားနိုင်မှာပါ”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့၏ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။
“ကျေးလက်ဒေသ ဒါမှမဟုတ် ပင်မလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်ပြင်ပက ဒေသတွေကို ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးသွားမှာပါ။ ပြည် သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားဖို့ ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိဆိုလာပြားများမှာတပ်ဆင်ရေးလွယ်ကူပြီး နှစ်အနည်းငယ်အတွင်း ပင်မ ဓာတ်အားပေးကွန်ရက် နှင့် အလှမ်းကွာနေဦးမည့် ကျေးလက်ဒေသများ၌ကြား ကာလ အသုံးပြုရန်သင့်တော်သည့်လျှပ်စစ်အရင်း အမြစ်ပင်ဖြစ်သည်။ ဆိုလာစနစ်အပြင် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများကလည်းလျှပ်စစ်ဓာတ် အားထုတ်ယူလျက်ရှိသည်။
“နိုင်ငံရဲ့ မိုးရာသီကာလတွေမှာဆိုရင် တောင်စဉ်တောင်တန်းတွေနဲ့ မြစ်ချောင်းတွေက ကျွန်တော်တို့ အတွက် စွမ်းအင်ထုတ်လုပ်ဖို့ အရင်းအမြစ်တွေပါပဲ”ဟု အမျိုးသားစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ ၀င် တစ်ဦးဖြစ်သူ ဦးသောင်းဝင်းက ပြောသည်။
လာမည့် ၂၀၁၆ ခုနှစ်မတိုင်မီ ရေအားလျှပ်စစ်မှတစ်ဆင့် နိုင်ငံတွင် စွမ်းအင်ဖြည့် ဆည်းနိုင်စွမ်း၏ ၅၀ ရာ ခိုင်နှုန်းကို ထုတ်လုပ် ဖြည့်ဆည်းသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ပမာဏကို ဆိုလာပြားများနှင့် ကျောက်မီး သွေး ရေနံဓာတ်ငွေ့တို့မှ ထုတ်ယူသွားမည် ဖြစ်သည်
No comments:
Post a Comment