Wednesday, September 3, 2014

ပုဏ္ဏားကျွန်းတွင် ဈေးသွားဈေးပြန် စက်လှေ နစ်မြုပ် ဘင်္ဂလီ ၁၁ ဦးသေးဆုံး

ကေဇူး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်တွင် အစ္စလာမ်ဘာသာဝင် ဈေးသွား/ဈေးပြန် စက်လှေ နစ်မြုပ်ခဲ့ရာ ၁၁ ဦး သေဆုံးခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ် မှ ထွက်ခွာလာသော ခရီးသည် ၃၉ ဦးပါ ခရီးသွားစက်လှေသည် ကျောက်တော် မြို့နယ်သို့ မရောက်မီ သြဂုတ် ၃၀ ရက်က နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

“ထွက်ပြေးတာမဟုတ်ဘူး ၊ကျောက်တော်က ဈေးသွားဈေးပြန်လှေ မှောက်တာပါ၊ ချောင်းဝမှာ လှိုင်းကြီးပြီးမှောက်တာ ဖြစ်ပါလိမ့်မယ်"ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်ကပြောသည်။

အဆိုပါ စက်လှေ တိမ်းမှောက်မှုတွင် ၁၁ တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ပျောက်ဆုံးလျှက်ရှိသည် ဟုဆိုသည်။ ကျန် ၂၃ ဦးကိုမူ နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကာဘီ ကျေးရွာမှ ထွက်ခွာလာသော အဆိုပါ စက်လှေသည် ကျောက်တော် မြို့နယ် ကျွဲလန့်ချောင်းကျေးရွာ အနီးရှိ ပင်လယ်ဝအရောက်တွင် နစ်မြုပ်သွားခြင်းဖြစ်သည် ဟုဆိုသည်။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတမ်းဒေသဖြစ်ပြီး မြို့နယ် တစ်ခု နှင့် တစ်ခုကို စက်လှေ၊ သင်္ဘောများဖြင့် ခရီသွားလာရသော ဒေသဖြစ်သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ အတွင်းက မြေပုံ နှင့် ကျောက်ဖြူ မြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းများက ဘင်္ဂလီ ဒုက္ခသည်များ နှစ်ကြိမ်ထွက်ပြေးခဲ့ပြီး ပြည်နယ် အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည်။

ရခိုင်ကမ်းရိုးတမ်း ကျောက်ဖြူ နှင့် ရမ်းဗြဲကျွန်းအနီးတွင်လည်း လှေလုပ်သား ၂၁ ဦးပါ ငါးဖမ်းသင်္ဘော နှစ်မြုပ်ခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

No comments: