ဖြိုးဝေလင်း
မန္တလေးမြို့ရှိ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင်ကို ရန်ကုန်သို့ခေါ်၍ တပ်မတော်မှ အရာရှိ အယောင်ဆောင်ကာ ငွေကျပ်သိန်း၄၀ေ ကျာ်ဖိုး လိမ်လည်ခဲ့သူများကို လှည်းကူး ရဲစခန်းတွင် သြဂုတ် ၂၈ ရက်က တိုင်းတန်းထားသည်ဟု လှည်းကူးမြို့မရဲစခန်းက တာဝန်ကျ ရဲတပ်သားတစ်ဦး က ပြောသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၂ ရက်က မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ လျှပ်စစ် ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးကျော်သန်းထွေးကို ဗိုလ်မှူး မျိုးအောင်ဆိုသူနှင့် ဗိုလ်ကြီး လမြင့်မြတ်ဟိန်းဆိုသူတို့က လျှပ်စစ် ပစ္စည်းဝယ် လယူရန်အတွက်ဆိုကာ ကနဦး ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ဟန်ဆောင်လိမ်လည်သူများက ပဲခူးတိုင်းအတွင်းရှိ တပ်ပေါင်းစုံ အရာရှိရိပ်သာများ မီးအလှ ဆင်ရန် ပိုက်၊ မီးခွေများ လိုအပ်သဖြင့် တစ်ခွေလျှင် ကျပ်ကိုးသောင်းခွဲတန်သည့် ပိုက်မီးခွေ ၈၀၀ ခန့် လို သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပိုက်မီးခွေများအတွက် စရံလာထုတ်ရန် ပဲခူးသို့ခေါ်ဆောင်ခဲ့ပြီး နမူနာ ပိုက်မီးခွေယူခဲ့ရန် ပြောဆို သဖြင့် ဆိုင်ရှင် ဦးကျော်သန်းထွေးနှင့် ဇနီးဖြစ်သူက ပဲခူးသို့ သွားရောက်ခဲ့သည်ဟု ရဲစခန်းတွင် ဆိုင်ရှင်က ထွက်ဆိုခဲ့သည်။
ပဲခူးမြို့သို့ သြဂုတ် ၁၃ ရက်တွင် ရောက်ရှိခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ယာဉ်မောင်း အရပ်သား တစ်ဦး၊ ယူ နီဖောင်းဝတ် စစ်သားတစ်ဦးနှင့် အရပ်ဝတ်ဖြင့်အမျိုး သားနှစ်ဦး စုစုပေါင်း လေးဦးတို့နှင့် တွေ့ဆုံခဲ့ကာ ဗိုလ်မှူးမျိုးအောင်ဆိုသူက လှည်းကူး မြို့နယ်ရှိ ပလစ(၁) (အင်းတိုင်)တွင် ၎င်းတို့၏ အထက်အရာရှိ တစ်ဦး ကို ၀င်ခေါ်၍ အလုပ်ကိစ္စ ဆွေးနွေးမည်ဟု ပြောဆိုသဖြင့် ဆိုင်ရှင်က လိုက်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် လှည်းကူးမြို့နယ်ရှိ အမှတ်(၁) ပင်မ စစ်လက်နက်ပစ္စည်း ထိန်းသိမ်းရေး တပ် (အင်းတိုင်) အရှေ့သို့ အရောက်တွင် အသက်(၄၀)အရွယ် အမျိုး သားတစ်ဦးကို ကားပေါ်သို့တင်၍ ယင်းမြို့နယ်အတွင်း ရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။
အလုပ်ကိစ္စများ ဆွေးနွေးစဉ် ဗိုလ်မှူး မျိုးအောင်ဆိုသူနှင့် ဗိုလ်ကြီး မြင့်မြတ်ဟိန်း ဆိုသူက တပ်အသီးသီးသို့ လျှပ်စစ်ပစ္စည်းတင်သွင်းရောင်းခွင့်ပါ မစ် လျှောက် ထားရန် ငွေကျပ်သိန်း ၄၀ ပေးရမည်ဟု ပြောဆိုသဖြင့် ဆိုင်ရှင်က ငွေကျပ်သိန်း ၄၀နှင့် နမူနာ ပိုက်မီးခွေကို ပေးအပ်ခဲ့သည်ဟုရဲမှတ်တမ်းတွင် ဖော်ပြထား သည်။
ယင်းသို့တောင်းယူပြီး ဗိုလ်မှူးမျိုးအောင်နှင့် ဗိုလ်ကြီးမြင့်မြတ်ဟိန်း ဆိုသူများက ပါမစ်အတွက် ကွန်ပျူတာ စာစီသွားမည်ဟုဆိုကာ ထွက်သွားပြီး အထက်အ ရာရှိဆိုသူက အစည်းဝေးရှိသည်ဟုဆိုကာ ထွက်သွား ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သား အယောင်ဆောင်ကာ လိမ်လည်သူများကို အရေးယူပေး ပါရန် ဆိုင်ရှင် ဦးကျော်သန်းထွေး၏ တရားလိုပြုတိုင် တန်းချက်ကို လှည်းကူးမြို့မရဲစခန်းက (ပ) ၃၈၂/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀/၁၄၀/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။
ပြစ်မှုကျူးလွန်သူများထဲမှ ဗိုလ်မှူး မျိုးအောင်ဆိုသူမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အေးနိုင်ဆိုသူ ဖြစ်ပြီး ၎င်းကို ဖမ်းဆီးစစ်ဆေးကာ ကျန်သုံးဦးကို စုံစမ်းလျက် ရှိသည်။
No comments:
Post a Comment