Sunday, September 7, 2014

မြန်မာတွင် ဘေ့စ်ဘောအားကစား ကျယ်ပြန့်အောင် လုပ်မည့် ဂျပန်ကလပ်အသင်းက မြန်မာပြည်သား

DVB

ဂျပန်နိုင်ငံ ကာဂါဝ အိုလိ ဂိုင်းနာစ်အသင်း (Kagawa olive Guyners (IL) မှာ ကစားနေတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦးက မိခင်အသင်း အကူအညီနဲ့ စက်တင်ဘာ ၅ ရက်နေ့က စတင်ကာ အင်တာနက်ကနေ အလှူငွေ စတင်ကောက်ခံနေပါတယ်။

မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိနေသေးလို့ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ချင်တဲ့ ကိုဇော်ဇော်ဦးရဲ့ ပြင်းပြတဲ့ ဆန္ဒကို ဂျပန်မိခင်အသင်းက ဆောင်ရွက်ပေးတာပါလို့ ပြောပါတယ်။

အလှူငွေကို အနည်းဆုံး ဂျပန်ယန်း ၃ ထောင်သတ်မှတ်ထားပြီး အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကောက်ခံမှာပါ။ ရည်မှန်းငွေ မြန်မာငွေ သိန်း ၁၅၀ နီးပါးဖြစ်ပါတယ်။

ကာဂါဝ အိုလိဘိ ဂိုင်းနာစ် အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus မှာ ၂၀၀၅ ခုနှစ်က စတင်လို့  ၈ နှစ်အတွင်း ၅ ကြိမ် ချန်ပီယံဆု ရရှိထားတာပါ။

ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာ မွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။

အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို စုစည်းပြီး လေ့ကျင့်ပေးနေသူ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့အသက် ၁၁ နှစ်မှာ တွေ့ဆုံကာ ဘေ့စ်ဘောပညာကို စတင် လေ့ကျင့်ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဂျပန်မှာကစားဖို့ ရွေးချယ်ခေါ်ယူခဲ့တာပါ။

No comments: