Monday, September 22, 2014

နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ဘိုးဘွားဦးရေ ၃၀ကျော်သာ ထပ်မံလက်ခံတော့မည်

ယုဝေ

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ဘိုးဘွားဦးရေ ၃၀ ကျော်သာ ထပ်မံ လက်ခံနိုင်တော့မည်ဟု ရိပ်သာ၏ အမှုဆောင်အဖွဲ့ဝင် ဦးကြိုင်မြင့်က ပြောသည်။

ဘိုးဘွား ၂၄၀ဦးသာ လက်ခံနိုင်မည့် အဆိုပါ ရိပ်သာတွင် ဘိုးဘွားဦးရေ နှစ်ရာကျော်ကို လက်ရှိတွင် စောင့် ရှောက်ထားပြီးဖြစ်သည့်အတွက် သုံးဆယ်ကျော်သာ ထပ်မံလက်ခံနိုင်တော့မည့် သဘောဖြစ်သည်။

နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင်လက်ခံစောင့်ရှောက်ရန် သတ်မှတ်ထားသည့် ဦးရေမှာ အဘိုး ၁၀၀ဦး နှင့် အဘွား ၁၄၀ ဦးတို့ဖြစ်ပြီး လက်ရှိတွင် အဘွား ၁၃၅ ဦး နှင့် အဘိုး ၆၇ ဦးကို စောင့်ရှောက်ထားသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် အဘိုးအဘွား စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ရိပ်သာရှိ ဆေးရုံတွင် မစိုး ရိမ်ရသော အမြဲတမ်း လူနာအဖြစ်စောင့်ရှောက်နေရပြီး အထူးကုဆရာဝန်များတစ်ပတ်လျှင် တစ်ကြိမ်လာ ရောက်ကုသပေးလျက်ရှိသည်။

“လက်ရှိအချိန်မှာ ရိပ်သာတွေက စောင့် ရှောက်နိုင်တဲ့ ဘိုးဘွားအရေအတွက်နဲ့ စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ဘိုးဘွား အရေအတွက်က ကွာခြားနေပါ သေးတယ်။ ရိပ်သာတွေလည်း လိုအပ်နေပါသေးတယ်” ဟု ဆည်းဆာ ရိပ် ဘိုးဘွားရိပ်သာ တည်ထောင်သူ ဒေါ်သန်းမြင့်အောင်က ပြောသည်။

No comments: