Monday, September 22, 2014

မြန်မာနိုင်ငံတွင် ၅ နှစ်အတွင်း ရေပြဿနာ စိုးရိမ်ဖွယ်ရာရှိဟု ပညာရှင်ပြော

ကေဇူး

မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်ရှားပါးမှု ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ်ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေအတွင်းရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာရုံးတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်များက ရေအရင်းမြစ်နှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဗဟိုကော်မတီဝင် ဦးလှဌေးက "မြန်မာနိုင်ငံအနေနဲ့ ရေနဲ့ပတ်သက်ပြီး အခု စိုးရိမ်စရာမရှိသေးပေမယ့် နောက် ငါးနှစ်၊ ဆယ်နှစ်အတွင်းမှာ အခက်အခဲဖြစ်လာမယ့် အခြေအနေကို ရင်ဆိုင်ရတော့မယ့် အလားအလာရှိတယ်”ဟု မဇ္ဈိကိုပြောသည်။

ရေအလွန်အကျွံ ထုတ်ယူအသုံးပြုမှုများသည် စက်မှုစီပွားရေလုပ်ငန်းကြီးများ သာမက တစ်ဦးတစ်ယောက်ချင်းစီ၏ ရေအသုံးပြုမှုကို စနစ်တကျ အသုံးပြုရန် လိုအပ်သည်ဟု ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ရေအသုံးပြုမှု နှင့်ပတ်သက်ပြီး နည်းစနစ်မှန်ဖြင့် စနစ်တကျ အသုံးပြုနိုင်ရန် ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် စက်တင်ဘာ ၂၂ ရက်မှ ၂၄ရက်အထိ ရေထုတ်လုပ်အသုံးပြုသည့် ပစ္စည်းများကို ပြသသွားမည်ဖြစ်သည်။

No comments: