သီဟကိုကို
လုပ်ငန်းသုံး မော်တော်ယာဉ်အုပ်စုဖြစ်သည့် Pick Up 2 Door ကားများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းပြုခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် လုပ်ငန်းသုံးယာဉ်များဖြစ်သည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ လုပ်ငန်းသုံး ယန္တရားများကို တင်သွင်းခွင့်ပြုလျက်ရှိပြီး လုပ်ငန်းသုံးယာဉ် အုပ်စုဝင်ဖြစ်သော Pick Up ကားများကိုမူ ယခင်က တင်သွင်းခွင့်ပေးခဲ့ခြင်း မရှိကြောင်း မော်တော်ကား တင်သွင်းရောင်းချသူများက ပြောသည်။
စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ဘတ်စ်ကား၊ ထရပ်ကား၊ ယန္တရားများကို တင်သွင်းခွင့်ပြုလျက်ရှိပြီး Exednded Cab၊ Open Cab၊ Smart Cab၊ Space Cab (2 Door) Pick Up ကားများကို စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ ထပ်မံ တင်သွင်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
တင်သွင်းခွင့်ပြုလုပ်လိုက်သည့် Pick Up ကားများကို နယ်စပ်မှ တင်သွင်းနိုင်မည်ဖြစ်သည့်အတွက် ယခင်က သင်္ဘောဖြင့် တင်သွင်းလာသည့် ကုန်ကျစရိတ်များ သက်သာကာ ကုန်ကျစရိတ် လျော့ကျသွားမည်ဖြစ်သည့်အတွက် Pick Up ကားဈေးနှုန်းများပါ လိုက်ပါကျဆင်းလာနိုင်သည်ဟု ကားလုပ် ငန်းရှင်များက ဆိုသည်။
ကားများတင်သွင်းရာတွင် သြဂုတ်လ ၂၂ရက်အထိ လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် ၁၆၉,၂၃၂ စီးတင် သွင်းခဲ့ပြီး ယာဉ်အိုယာဉ်ဟောင်း အစားထိုးလဲလှယ်ရေးစီမံချက်အတွက် အစီး ၈၈,၀၆၀ စီး၊ ကားအရောင်းပြ ခန်းများအတွက် ၇၅,၇၈၅ စီး တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
No comments:
Post a Comment