Friday, September 5, 2014

MPT ၁၅၀၀ ဆင်းမ်ကတ် ပြတ်လတ်၊ ကျပ်သုံးသောင်းအထိမှောင်ခိုဈေးရှိ

မောင်မန်း

မြန်မာ့ဆက်သွယ်ရေးက ကျပ် ၁၅၀၀ တန် WCDMA ဖုန်းများကို စက်တင်ဘာလ ၁ ရက်မှ စတင်ပြီး အရောင်းကိုယ်စားလှယ် များမှတစ်ဆင့်လွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချခဲ့ရာ ရန်ကုန်ဈေး ကွက်တွင် ဆင်းမ်ကတ်များ ပစ္စည်းပြတ်သည်အထိ ရောင်းအားတက် ခဲ့ပြီး ပြင်ပပေါက်ဈေးလည်း မြင့်တက် လာခဲ့သည် ဟု ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။

ရန်ကုန်ဈေးကွက်တွင် Elite Tech မိုဘိုင်းဖုန်း အရောင်းဆိုင်များက ဖြန့်ချိခဲ့ပြီး စတင်ရောင်းချသည့် နှစ်ရက် အတွင်း ဆင်းမ်ကတ်ရောင်းရန် မကျန်ရှိတော့ သဖြင့် အရောင်းပိတ်ထားသည်ဟု ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ပုလဲကွန်ဒိုမှ Elite Tech အရောင်းဆိုင်၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းက“ဆင်းမ်ကတ်က အားလုံးကုန်သွား တဲ့အတွက် စက်တင်ဘာ ၂ ရက် လေးနာရီလောက်မှာ အရောင်း ပိတ်သွားတာပါ။ တစ်ရက်ကိုကတ် ၁,၀၀၀ ကျော်လောက် ရောင်းခဲ့ပါတယ်။ နှစ်ရက် ရောင်းပါတယ်” ဟုဆိုသည်။ကျပ် ၁၅၀၀ တန် WCDMA ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေးမှာ ယခုစက် တင်ဘာလအတွက် ရောင်းချ ခြင်းမရှိခင်က အသုံးပြုသူများ၏ စိတ်ဝင်စားမှုမရှိခဲ့သော်လည်း လက်ရှိဈေးကွက်ပြတ်သွားသည့် အခြေ အနေကြောင့် ကျပ် ၃၀,၀၀၀ ခန့်အထိ ပြန်လည်မြင့်တက်လာသည်ဟု အွန်လိုင်းမှတစ်ဆင့် ဖုန်းဆင်းမ် ကတ်များ အရောင်းအ၀ယ် ပြုလုပ်နေသူတစ်ဦးကလည်း ဆိုသည်။

ရန်ကုန်တွင် အရောင်းပိတ်သွားသော်လည်း မန္တလေးမြို့ရှိ အချို့အရောင်းဆိုင်များတွင် ၀ယ်ယူ၍ ရနိုင်သေး သည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းအတွင်းက နယ်ကိုယ်စားလှယ်တစ်ဦးကလည်း “နယ်ကိုယ်စားလှယ်တွေကို ပထမအသုတ် မှာတုန်းက ဒီအတိုင်းချပေးလိုက်တယ်။ လုပ်ငန်းလိုင် စင်တွေ ဘာမှ မလိုဘူး။ ဒုတိယအသုတ်မှာတော့ နယ်ကိုယ်စားလှယ် လိုချင်ရင် လုပ်ငန်းလိုင်စင်၊ လျှပ်စစ်လုပ်ငန်းလိုင်စင်ရှိမှ ချပေးမယ်လို့ ပြောတယ်။ Asia Mega Link မှာ လျှောက်လို့ ရပါတယ်”ဟု ဆိုသည်။

ရန်ကုန်တွင် အချို့ဆိုင်များ၌ ဆင်းမ်ကတ်များ အရောင်းပိတ်ထားသော်လည်း Samsung အရောင်းပြခန်း များနှင့် Elite Tech အရောင်းဆိုင်များတွင် Samsung ၏ မည်သည့် စမတ်ဖုန်း၊ တက်ဘလက် မဆိုဝယ်ယူ သူတိုင်းကို WCDMA ဆင်းမ်ကတ်များ လက်ဆောင်ပေးအပ်သွားမည် ဖြစ်သည်ဟုSamsung Hot Lineမှ တာဝန် ရှိသူတစ်ဦးက မဇ္ဈိမ၏ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

၎င်းက “ Samsung ရဲ့ စမတ်ဖုန်း၊ တက်ဘလက် တစ်လုံးဝယ်တဲ့သူတိုင်းကို WCDMA ဆင်းမ်ကတ် တစ် ကတ်လက်ဆောင်ပေးမှာပါ။ Samsung ရဲ့အထူးအ စီအစဉ်ပါ။ Samsung ရဲ့ အရောင်းပြခန်းတွေနဲ့ Elite Tech အရောင်းဆိုင်တွေမှာ ၀ယ်ရင်ဆင်းမ်ကတ် လက်ဆောင်ထည့်ပေးပါတယ်”ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးကမူ စက်တင်ဘာလမှစပြီး လေးလအတွင်း ဆင်းမ်ကတ်ငါးသန်းအထိ ရောင်းချသွားမည်ဟု လည်း မဇ္ဈိမကို ပြောကြားထားခဲ့သေးသည်။ စက်တင် ဘာ ၁ ရက်မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ မြို့ပေါင်း ၂၄၀ ခန့်ရှိ မိုဘိုင်းဆိုင်များတွင် ကျပ် ၁၅၀၀ ဖြင့် WCDMA ဆင်းမ်ကတ်များကို အလွယ်တကူ ၀ယ်ယူနိုင် ရန် ရောင်းချပေးခဲ့ရာ ၀ယ်ယူသူများပြားခဲ့သည်။

လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင် မှုလုပ်ငန်းများကို အူရီးဒူးနှင့် တယ်လီနော ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီများကလည်း ၀င်ရောက်လုပ်ကိုင်ခဲ့ ပြီးနောက် မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း ဂျပန် ကုမ္ပဏီ နှစ်ခု(KDDI , Sumitomo Corporation ) နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေပြီ ဖြစ်သည်။

No comments: