Mizzima
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းသည် စက်တင်ဘာ ၅ရက် ညနေ ၅နာရီခန့်က နှလုံးရောဂါဖြင့်နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
ကြွင်းကျန်သော ရုပ်ကလပ်ကို ၎င်း၏ ဇာတိမြို့ဖြစ်သည့် မကွေးတိုင်း၊ ချောက်မြို့နယ်သို့ ပြန်လည်သယ်ယူကာ စက်တင်ဘာ ၇ရက်တွင် သင်္ဂြိုလ်မည်ဖြစ်သည်။
ဦးမြင့်သိန်းသည် ၁၉၈၈ ဒီမိုကရေစီ တောင်းဆို လူထုအုံကြွမှုကြီးတွင် ချောက်မြို့နယ် ဗဟိုသပိတ်ကော်မတီဝင်တစ်ဦး ဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ချောက်မြို့နယ်)အား စတင်တည်ထောင်သူလည်း ကာ ချောက်မြို့နယ် NLD ဥက္ကဋ္ဌ ဖြစ်သည်။
၎င်းက ၁၉၇၄ ခုနှစ် ချောက်ရေနံမြေ ဝန်ထမ်းများ လစဉ်ဆန်ခွဲတန်း မြှင့်ရရှိရေး ဆန္ဒပြ တောင်းဆိုပွဲ ချောက်ရေနံမြေ အလုပ်သမား သပိတ်ကြီးတွင် ဦးဆောင်ပါဝင်မှုဖြင့် ညောင်ဦးအကျဉ်းထောင်တွင် နှစ်နှစ် အကျဉ်းကျခဲ့သည်။
၁၉၉၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ချောက်မြို့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး ၁၉၉၈မှ ၂၀၁၁အထိ ထောင်သုံးနှစ် ချခံခဲ့ရသည်။
၎င်းသည် နှလုံးရောဂါဖြင့် ကွယ်လွန်ချိန်တွင် အသက် ၇၁နှစ် ရှိပြီဖြစ်သည်။
No comments:
Post a Comment