မောင်မန်း
စက်တင်ဘာ လကုန်မှစ၍ RedLink ၏ အင်တာနက်အသုံးပြုခကို ဘဏ်မှတဆင့်ပေး ချေနိုင်ရန် အတွက် ဘဏ်နှစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက် ထားသည်ဟု RedLink Communication ၏ အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်ညွှန့်က မဇ္ဈိမကို ပြောသည်။
“ဒီလကုန် လောက်က စပြီး ဘဏ်ကနေ ပေးချင်တယ်ဆိုရင် ရအောင် လုပ်ပါမယ်။ စလုပ်မယ့် ဘဏ်က AGD ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ပါ။ အဲ့ဒီမှာ စာရင်းဖွင့် ထားပြီး သင့်တော်တဲ့ ပမာဏကို ထည့်ထား ရမယ်။ RedLink အသုံးပြုခ ကုန်ကျငွေကို ဘဏ်စာရင်း ကနေ ပေးချေဖို့ သဘောတူ ပါတယ် ဆိုတာကို ဘဏ်ကို ပေးထား ရပါမယ်။ အဲ့ဒါဆိုရင် လစဉ် အသုံးပြုနေတဲ့ သူတွေရဲ့ စာရင်းကို အသုံးပြုသူတွေ ပေးထားတဲ့ ဘဏ်ကို ပို့ပေး မှာပါ”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် အဆိုပါ ငွေပေးချေမှု စနစ်အတွက် ရန်ကုန်တွင် အဓိကထား လုပ်ဆောင် ပေးခြင်း ဖြစ်သည်။
“ကမ္ဘောဇဆိုရင် ရန်ကုန်မှာ သတ်မှတ်ထားတဲ့ ဘဏ်ခွဲ ၁၉ ခုက နေပြီး ပေးချေလို့ ရပါတယ်။ AGD ဘဏ် ကတော့ ဘယ်ဘဏ်က မဆို လုပ်ပေးလို့ ရတယ်လို့ ပြောထားတယ်။ သုံးတဲ့သူ က ရန်ကုန်မှာ သုံးနေ ပေမယ့် ငွေချေ မယ့်သူက မန္တလေးက ချေမယ်ဆိုလည်း မန္တလေး AGD ဘဏ်ကနေ ချေပေးလို့ ရပါတယ်” ဟု ပြောသည်။
RedLink ၏ အင်တာနက် အသုံးပြုခကို ဘဏ်မှ တဆင့် ပေးချေမှု အပြင် ၂၀၁၅ ခုနှစ်တွင် အွန်လိုင်းမှ တဆင့် ငွေပေးချေသည့် ပုံစံသို့ အဆင့်မြှင့် တင်ရန် အစီအစဉ် ရှိသည်ဟုလည်း ဦးမျိုးမြင့်ညွှန့်က ပြောသည်။
RedLink ၏ အင်တာနက် အသုံးပြုခ များတွင် တစ်လလျှင် အနည်းဆုံး ကျပ်သုံးသောင်းမှ ကျပ်နှစ်သိန်း ၀န်းကျင်အထိ ၀န်ဆောင်ခများ သတ်မှတ် ထားသည်။
No comments:
Post a Comment