Monday, October 6, 2014

ဦးလွင်ဦး(မြို့မ) ယာဉ်မတော်တဆမှုဖြင့် နေပြည်တော်တွင် ကွယ်လွန်

အောင်ကိုဦး

မြို့မတေးဂီတအဖွဲ့၏ အတွင်းရေးမှူး(၂) ဦးလွင်ဦး(မြို့မ)သည် ယာဉ်မတော်တဆမှုဖြင့် အောက်တိုဘာ ၅ရက်၊ မွန်းလွဲ ၂နာရီ၊ ၅၀မိနစ်တွင် ကွယ်လွန်သွားသည်ဟုမြို့မတေး ဂီတအဖွဲ့ဝင် မောင်ဦး(မြို့မ)က မဇ္ဈိမ ကို အတည်ပြု ပြောဆိုသည်။

ကျွန်တော် တို့အနေနဲ့ ဘာကြောင့်ဖြစ် တယ်ဆိုတာတော့ မသိသေးဘူး။ ကျွန်တော်တို့က မန္တလေးမှာ ကျန်ခဲ့တာ ပါ။ အခု အသင်းကတာဝန်ရှိသူတွေ လိုက်ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဦးလွင်ဦး(မြို့မ)သည် မန္တလေးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ဂီတစာဆို မြို့မငြိမ်း ရေးစပ်ခဲ့သော သီချင်းများကို ပြန်လည်သီဆိုရန် အဖွဲ့ဝင် ၂၅ ဦးဖြင့် နေပြည်တော်သို့ စက်တင်ဘာ ၂၉ရက် ကတည်းက ရောက် ရှိနေပြီး ယနေ့တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးလွင်ဦး(မြို့မ) ရုတ်တရက်ကွယ်လွန်သွားမှုအပေါ် တေးရေးဆရာ ဒိုးသန်းမောင်ဝင်း(မြို့မ)က “ဒီအချိန်မှာ ဘာမှမပြောချင်သေးဘူး။ အရမ်းခံစားနေ ရတယ်။ အစားထိုးမရတဲ့ပညာရှင်တစ်ဦး ဆုံးရှုံးသွားတာပဲ” ဟု ဆိုသ ည်။

ဦးလွင်ဦး(မြို့မ)သည် တေးသီချင်းပေါင်းများစွာရေးသားခဲ့ပြီး မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံ FC ဘောလုံးအသင်းအတွက် ရေးသားပေးထားသော “ချန်ပီ ယံဟေ့ ချန်ပီယံ” သီချင်းမှာ လက်ရှိတွင် ရေပန်းစားလျက်ရှိနေသည်။

No comments: