Thursday, October 16, 2014

ကရင်လက်နက်ကိုင်တို့ ပေါင်းစည်းမှု ဂုဏ်ယူသည်ဟု ကေအင်န်အိုပြော

Mizzima

ကရင် လက်နက်ကိုင်တပ်ဖွဲ့ လေးခုက ကော်သူးလေ တပ်မတော်အဖြစ် ပေါင်းစည်းဖွဲ့စည်း လိုက်ခြင်းကို ကချင် အမျိုးသားအစည်းအရုံး (KNO)က လေးစားဂုဏ်ယူမိသည်ဟု အောက်တိုဘာ ၁၅ ရက်စွဲဖြင့် ကြေညာချက်ထုတ်သည်။

မတူညီသော အမြင်များကို ဘေးဖယ်၍ အဖိနှိပ်ခံပြည်သူတို့အား ကာကွယ်ရန် ယင်းသို့ စုပေါင်း လိုက်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် အားလုံးအတွက် အင်အားတစ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ုမြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းချိန်အထိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ပူးပေါင်းပါဝင်ရန် KNO က ဆန္ဒရှိသည်ဟု ဖော်ပြထားသည်။

KNO က ညွှန်းဆိုထားသည့် ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းဆိုသော ကိစ္စကို ကရင်အမျိုးသားအစည်းအရုံး (KNU)ကမူ ၎င်းတို့ကို ကိုယ်စားမပြုဟု စက်တင်ဘာ ၁၄ ရက် တွင် ထုတ်ပြန်သည်။

ကော်သူးလေ တပ်မတော် ဖွဲ့စည်းသည်ဟူသော စက်တင်ဘာ ၁၃ ရက်ကြေညာချက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း KNDO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA တို့ ပူးပေါင်းသည်ဟု ပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး ရန်နိုင်ကမူ KNLA နှင့် KNDO တို့သာ သဘောတူထားခြင်းဖြစ်ပြီး ယင်းအရေး အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဖြေရှင်းမည်ဟု မဇ္ဈိမကို ပြောထားသည်။

No comments: