ကျော်စွာဝင်း
နောင်မွန်းတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျသည်ဟု နောင်မွန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ စက်တင်ဘာ ၂၉ ရက်တွင် ပူတာအိုအုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားခြင်းကြောင့် ထူးဖောင်ဒေရှင်းအဖွဲ့သားများ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရာ ထူးခြားမှုမရှိခဲ့ဟုထူးဖောင်ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကိုပြောသည်။
"မနေ့ကနောင်မွန်းဘက်မှာရှိတဲ့ တာစုကျေးရွာဘက်ကို ရဟတ်ယာဉ်တစ်စီး ထိုးဆင်းသွားတယ်ကြားလို့ သွားကြည့်တာထူးခြားမှုမရှိဘူး။ သတင်းမှားတာလည်း ဖြစ်နိုင်တယ်" ဦးဖြိုးကိုကိုသက်ကဆိုသည်။
၁၉၉၂ ခုနှစ်တွင်ခါကာဘိုရာဇီ တောင်တက်အောင်မြင်ခဲ့သည့် ဦးနမားဂျွန်ဆင် ပါဝင်သည့် ထူးဖောင်ဒေးရှင်း မြေပြင်ခြေလျှင်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသည့် Blue Sky အဖွဲ့ဝင် ၁၅ ဦးတို့သည့် ခါကာဘိုရာဇီတောင်၏ အမြင့်ပေ ၁၃၂၀၀ ရှိ Base Campတွင် သွားရောက်ပူးပေါင်းကာ ပျောက်ဆုံးနေသည့် သဘာဝခေါ်သံဖောင်ဒေးရှင်းတောင်တက်သမားနှစ်ဦးနှင့် ထိုင်းနိုင်ငံ Advance Aviation မှB4 ရဟတ်ယာဉ်တို့အားရှာဖွေမည်ဖြစ်သည်။
အီတလီနိုင်ငံသား ၃ဦးနှင့် နိပေါနိုင်ငံသားတစ်ဦးပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များသည် စက်တင်ဘာ ၂၈ ရက်ကရောက်ရှိ ခဲ့ပြီး “ဝေဟင်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ရဟတ်ယာဉ်မှူးများနှင့်
ဆွးနွေးမှုများလုပ်ဆောင်လျှက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၂၉ ရက်တွင်လည်း Blue Sky အဖွဲ့ဝင် ၁၅ ဦးထပ်မံရောက်ရှိလာပြီး မြေပြင်ခြေလျှင်အဖွဲ့များနှင့် ပူးပေါင်းရန် ပူတာအိုသို့သွားရောက်ခဲ့သည်။
ခါကာဘိုရာဇီတောင်၏ အမြင့်ပေ ၁၆၀၀၀တွင် ပျောက်ဆုံးတောင်တက်သမားနှစ်ဦး၏ အိတ်ဟုယူဆရသော အနီရောင်ကျောပိုးအိတ်တစ်လုံး၊ အမြင့်ပေ ၁၇၀၀၀တွင် အပြာရောင် ကျောပိုးအိတ်တစ်လုံးကို က်တင်ဘာ ၂၇ ရက်တွင်တွေ့ရှိခဲ့ပြီး စစ်ဆေးကာ သက်ဆိုင်ရာလူကြီးများထံသို့အပ်နှံခဲ့သည်ဟု ဦးဖြိုးကိုကိုကဆိုသည်။
No comments:
Post a Comment