စည်သူမောင်မောင်
အိမ်သာကျင်းထဲ လက်ကိုင်ဖုန်း ပြုတ်ကျသွားသောကြောင့် ဆယ်ရာမှလူနှစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက် ၊ အနော်ရထားလမ်းတွင် အောက်တိုဘာ ၁၈ရက် ညနေ ၅နာရီကျော်တွင် ဖြစ်ပွားခဲ့သည်။
“မိလ္လာကျင်းက မြေသားဖြစ်တော့ ဖွင့်ပြီး ကျော်မင်းထွန်းက သူ့ဖုန်းကျသွားတာကိုဆင်းဆယ်တာကနေ အိမ်ကလူတွေသိပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်း တော့ အိမ်နီးနားချင်းလည်းဖြစ်တယ်။ ဈေးသိမ်းပြီးပြန် လာတဲ့ ကိုသန်းမြင့်အောင်က၀င်ကူညီဆယ်ဖို့လုပ်ရင်းသူပါမိလ္လာတွင်းထဲကို ဇောက်ထိုးကျသွားပြီးသေ ဆုံး သွားတာပါ” ဟု ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လုပ်ငန်းတာဝန်ခံ ဦးဝမ်းချိုင့်က မဇ္ဈိမကို ပြောသည်။
သေဆုံးမှုနှင့်ပတ်သက်ပြီး ငပုတောမြို့မရဲစခန်း၊ စခန်းမှူးမှ တရားလိုပြုလုပ်ကာ သေမှုသေခင်း ပနံပါတ် ၁၂/၂၀၁၄ဖြင့် အမှုဖွင့်ထား သည်။ သေဆုံးသူ များ မှာ ပြင်ပဒဏ်ရာမရှိပဲ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ မြောက်ပိုင်းရပ်ကွက်၊အနော်ရထားလမ်းတွင်နေသည့် ကျော်မင်းထွန်းသည် အိမ်သာကျင်းထဲ ၄င်း လက်ကိုင်ဖုန်း ပြုတ်ကျသွားသည်ကို မိလ္လာကျင်း အဖုံးကိုဖွင့်ပြီး ဆင်းရှာရာ မိဘများသိသွားပြီး ပြန်မတက်လာ နိုင်သဖြင့် ပတ်ဝန်ကျင်အား အော်ဟစ်အကူအညီတောင်းခံရာ ၄င်းတို့ အိမ်နီးနားချင်း ဦးသန်းမြင့်အောင်မှာဈေးသိမ်းပြန်လာစဉ် အသံကြားပြီး ကျင်းပေါ်မှာ ဆယ်ယူရန် ကြိုးပမ်းနေစဉ် မိလ္လာကျင်းထဲသို့ ဇောက်ထိုးကျပြီး နှစ်ဦးလုံး သေဆုံး ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment