Wednesday, October 22, 2014

ယခု ဘဏ္ဍာနှစ်အတွင်း အိုင်တီစီကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၄,၆၀၀ ကျော်ရှိ

သီဟကိုကို

ယခု ဘဏ္ဍာနှစ်အတွင်း တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ် (Individual Trading Card - ITC) ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၄,၆၀၀ ကျော် ရှိသည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေး ရာဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစမှ အောက် တိုဘာ ၁၀ ရက်အထိ အိုင်တီစီကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ် ၄၆၄၉ သန်းကျော် ရှိပြီး ပို့ကုန်ပမာဏ ကျပ် ၁,၆၈၆ သန်းကျော်၊ သွင်းကုန်ပမာဏ ကျပ် ၂ယ၉၆၃ သန်း ကျော် ကုန်သွယ်ထားခြင်း ဖြစ်သည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ စတင်ကာ နယ်စပ်ဒေသများမှ ကုန်သည်လုပ်ငန်းရှင် များကို အိုင်တီစီကတ်များဖြင့် ကုန်သွယ်မှု ခွင့်ပြုထားခြင်းဖြစ်ပြီး နယ်စပ်ဒေသများ တွင် တရားမ၀င်ကုန်သွယ်မှု ပပျောက်စေ ရန် နယ်စပ် ဒေသလုပ်ငန်းရှင်များကို အိုင်တီစီကတ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုတွင် အိုင်တီစီကတ်ဖြင့် စတင် ကုန်သွယ်ခွင့်ပြု ထားရာမှ ယခုဘဏ္ဍာနှစ်မှ စတင်ကာ မန္တလေးနှင့် ကျိုင်းတုံတို့တွင်ပါ အိုင်စီတီကတ်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားခဲ့သည်။ တစ်ဦး ကုန်သွယ်ခွင့် စတင်ပြုခဲ့ သည့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အိုင်စီတီကတ် ၂၉၂ ကတ် ထုတ်ပေးခဲ့ပြီး ကုန် သွယ်မှု ကျပ် ၇၃၇ သန်းဖိုးရှိခဲ့သည်။

No comments: