စံတင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် အသားအရောင်၊ လူမျိုးဘာသာ၊ အတန်းအစား ခွဲခြားကာ ဆက်ဆံတတ်သည့် အလေ့အကျင့်များကို ဖျောက်ဖျက်ပစ်ကြရန် ရှမ်းပြည်နယ် ဒုရဲတပ်ဖွဲ့မှူး (ယာရီ) ရဲမှူးကြီး လှမျိုးရှိန်က ညွှန်ကြားလိုက်သည်။
အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် မြန်မနိုင်ငံ ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောသွားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မြို့တော်ခမ်းမတွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြည်သူတစ်ရပ်လုံးကို တစ်တန်းတည်း ထားကာ ယဉ်ကျေးစြွ ဆက်ဆံတတ်မှသာ မှုခင်းကျဆင်းရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်လာကာ ပြည်သူအခြေပြုသည့် ရဲတပ်ဖွဲ့ ဖြစ်လာမည်ဟု ရဲမှူးကြီး လှမျိုးရှိက ဆိုသည်။
“ပြည်လူထုရဲ့ကူညီမှုကိုရယူနိုင်ဖို့အတွက် ပြည်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံတဲ့အခါတိုင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်ဖို့ ရဲဘော်တို့အားလုံးဘဲ လေ့ကျင့်ယူကြရမှာဖြစ်ပါတယ်” ဟု ပြောသည်။
No comments:
Post a Comment